အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ
သတင်း
Share |

လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ

မင်းထက်အောင်၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၁၃ရက်။ဒီဇင်ဘာ ၄၊၂၀၁၀။

မင်းထက်အောင်(ဒီဇင်ဘာ-၄)။ ။ KNU-KNLA/PC တပ်ဖွဲ့မှ ဗိုလ်မှူးလက်ကိုင်ဦးစီးအင်အား ၂၁ ဦးတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ စစ်အစိုးရတပ်ဖွဲ့ထံ နိုဝင်ဘာ ၂၇ ရက်တွင် လက်နက်ချလိုက်ကြောင်း ယနေ့စစ်အစိုးရထုတ်သတင်းစာများက ရေးဖေါ်ပြသည်။

စစ်အစိုးရယနေ့သတင်းစာပါရေးသားဖေါ်ပြချက

မည်သည့်နေရာတွင် မည်ကဲ့သို့လက်နက်ချခဲ့သည်ကို အဆိုပါသတင်းစာများ၌ အကျယ်တဝင့်ရေးသား ဖေါ်ပြခြင်းမပြုသော်လည်း ဘုရားသုံးဆူဒေသတဝိုက်လှုပ်ရှားနေသော တပ်ဖွဲ့ဟု ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောသည်။

“ဟိုတုန်းကလက်နက်ချခဲ့တဲ့အဖွဲ့ပဲ၊ အခုတော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုတော့ လက်နက်အကြွင်းမဲ့ အပ်လိုက်ရတယ်” ဟု ဗဒိုစောထဲနေက ဆက်ပြောသည်။

KNU-KNLA/PC တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ထိန်မောင်သည် KNU မှခွဲထွက်ကာ စစ်အစိုးရထံ ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် လက်နက်ချခဲ့ပြီးဖြစ်ကြောင်း သတင်းမှတ်တမ်းများတွင် ရေးသားဖေါ်ပြခဲ့သည်။

ထိုသို့လက်နက်ချပြီးနောက် အခြားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များကဲ့သို့ လက်နက်ကိုင်ဆောင်ခွင့်နှင့် ဂိတ်အကောက်စခန်းများဖွင့်လှစ်ကာ တပ်ဖွဲ့ရံပုံငွေရှာဖွေခွင့်များကို စစ်အစိုးရ ခွင့်ပြုခဲ့သည်။

ဘုရားသုံးဆူဒေသတဝိုက်၌ KNU-KNLA/PC တပ်မှ ဗိုလ်လက်ကိုင်ဦးစီးသောဗဟိုအဖွဲ့၊ စောနေစိုးမြ ၇၇၇ တပ်ဖွဲ့နှင့် ဗိုလ်ချုပ်ထိန်မောင် ၇၀၉ တပ်ဖွဲ့တို့ ဂိတ်စခန်း ၃ ခုခွဲ၍ ဖွင့်လှစ်ထားရှိသည်။

ဗိုလ်လက်ကိုင် ယခုကဲ့သို့လက်နက်ချလိုက်သည့်ဖြစ်ရပ်ကို ၇၇၇ နှင့် ၇၀၉ တပ်ဖွဲ့တို့ မသိရှိသေးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

တဖန်စစ်အစိုးရအဆိုပါသတင်းစာ၌ ဗိုလ်မှူးမန်းသိန်း ဦးစီးသော ၁၃ ဦးတို့သည်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်ဟု လက်နက်စာရင်းများနှင့်တကွ ရေးသားဖေါ်ပြခဲ့သည်။

အဆိုပါဗိုလ်မှူးမန်းသိန်းဆိုသူသည် ဒီကေဘီအေ ၉၀၆ တပ်ရင်း၊ တပ်ခွဲ ၃ မှအနားယူခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဘုရားသုံးဆူဒေသတဝိုက်၌ လက်အောက်ခံတပည့်ငယ်သားများနှင့် လက်နက်ကိုင်ဆောင်ခွင့်ရရှိနေပြီး စီးပွားရှာဖွေခွင့်ရရှိနေသူတစ်ဦးဟု သူ၏နီးစပ်သူများထံမှ သိရသည်။

“ဒီကေဘီအေအစစ်တွေက စစ်အစိုးရကိုပြန်တိုက်ခိုက်လာတော့ လက်နက်ကိုင်ပြီးစီးပွားရှာချင်တဲ့လူတွေက ရှိတဲ့လက်နက်လေးတွေကိုပြန်အပ်ပြီး မြေပေါ်မှာဆက်ရပ်တည်သွားတာပဲ” ဟု နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

လွန်ခဲ့သောနိုဝင်ဘာ ၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ကို ဒီကေဘီအေတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီကေဘီအေနှင့်မသက်ဆိုင်သော အခြားလက်နက်ကိုင်ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်အချို့ ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန်ကျောင်းတိုက်၌ ဝင်ရောက်ပုန်းခိုနေကြောင်း မျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ သိရသည်။

မြဝတီမြို့တွင် ဒီကေဘီအေနှင့် စစ်အစိုးရတပ်ဖွဲ့များပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း၌ ဘုရားသုံးဆူမြို့ကို ဗိုလ်မှူးစောအေဝမ်း ဦးစီးသည့်ဒီကေဘီအေ ၉၀၁ တပ်ရင်းမှ ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


သတင်း ဒီဇင်ဘာ-၂၀၁၀
သတင်း ဒီဇင်ဘာ-၂၀၁၀


ဘုရားသုံးဆူကုန်းလမ်းရေလမ်းကြောင်းကို ထပ်မံပိတ်ပင်လိုက်ပြီး

လက်နက်ချဒီကေဘီအေတပ်မှူးအချို့ အရေးယူခံရမည်ဟုသတင်းထွက်ပေါ်

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက်

လက်နက်ချနိုင်ရှောင်အဖွဲ့သားများ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ မဟုတ်ကြောင်းသတင်းစာရှင်းလင်း

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတိုက်ပွဲပိုပြင်းထန်လာ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ ဒုတိယအကြိမ်လက်နက်အပ်နှံ

ထိုင်းမြန်မာ ဘုရားသုံးဆူဂိတ်ပြန်ဖွင့်ပြီ

ဘုရားသုံးဆူရေကြောင်းလမ်းပြန်လည်ဖွင့်သော်လည်း အကောက်ခွန်တိုးမြင့်လာ

ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ် ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

ထိုင်းနယ်မြေသို့ဝင်ရောက်လာသည့်မြန်မာစစ်အရာရှိနှစ်ဦး ဂတုံး(ခေါင်းတုံး)တုန်းအပြစ်ပေးခံ

လက်နက်ချနိုင်ရှောင်းအဖွဲ့ စစ်အစိုးရတပ်နှင့်အတူစစ်ဆင်ရေးလှုပ်ရှားရန်သဘောတူ

မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်

လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ

ဘုရားသုံးဆူဒေသနအဖစစ်ကူတပ်ဖွဲ့ အပြစ်မဲ့ဒေသခံများအားသတ်ဖြတ်မှုများပြုလုပ်ခဲ့

ဘုရားသုံးဆူမှဒဏ်ရာရမြန်မာစစ်သားလေးဦး ထားဝယ်၌ဆေးဝါးကုသရန်ထိုင်းနယ်မြေဖြတ်သန်းခွင့်ပြု

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views