အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင်နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ
သတင်း
Share |

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင်နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

မင်းချမ်း၊ ကောင်းဝါ
ဒုတိယ-ဝါဆို လဆုတ် ၁၃၊ ၁၃၇၂။ သြဂုတ် ၈၊၂၀၁၀။
မုဒုံမြို့နယ်၊ နှီးပဒေါရွာရှိ နိုင်နွန်လာရုပ်ထု

မင်းချမ်း(သြဂုတ်-၈)။    ။ နှစ်စဉ်သြဂုတ်လ (၈) ရက်နေ့ကျရောက်တိုင်း မွန်ခေါင်းဆောင်နိုင်နွန်လာ ကွယ်လွန်ခြင်းအထိမ်းအမှတ်များကျင်းပခဲ့ရာ ယနေ့တွင် (၂၁) နှစ်မြောက်အခမ်းအနားများကို ဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာ၌ ကျန်ရစ်သူမိသားစုများက ယနေ့နံနက်ပိုင်းတွင် သံဃာတော်များအားဆွမ်းကျွေးပွဲကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီခေါင်းဆောင်အချို့နှင့် ပါတီဝင်ဟောင်းများ တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ထို့အတူ ဘုရားသုံးဆူနယ်စပ်ရှိ မွန်အသျှင်ဟံသာရာဇာကျောင်းတိုက်၌လည်း နိုင်နွန်လာအတွက်ရည်စူးပြီး မွန်လူငယ်များမှ ဆွမ်းကျွေးပွဲတစ်ရပ်ကျင်းပခဲ့သည်ကို တက်ရောက်သူကာယကံရှင်များပြောပြချက်အရ သိရသည်။

အလားတူ နိုင်နွန်လာ၏မွေးရပ်ဇာတိဖြစ်သော မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင်လည်း နိုင်နွန်လာရုပ်တုထားရှိရာ ဘုရားဝင်းဇရပ်ဆောင်၌ သံဃာဆွမ်းကျွေးမှုများ ကျင်းပခဲ့သည်ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ထို့အပြင် နိုင်နွန်လာအထုပ္ပတ္တိအကြောင်း ရှင်းလင်းပြောကြားချက်တစ်ရပ်ကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်တွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံ နိုင်ဟံသာဗွန်းခိုင်းက ပြောသည်။

ကျန်ရစ်သူမိသားစုများ၏ နိုင်နွန်လာကွယ်လွန်ခြင်း(၂၁)နှစ်မြောက်ဆွမ်းကျွေးသည့်အခမ်းအနား

“ကွယ်လွန်ခဲ့တဲ့မွန်ခေါင်းဆောင်တွေအနက် ဆရာကြီးနိုင်နွန်လာ သိပ်ကိုထူးခြားပါတယ်၊ ဗမာကျောင်းသားတပ်မတော်ကို ရှစ်လေးလုံးတစ်နှစ်ပြည်နေ့မှာ မိန့်ခွန်းပြောရင်း စင်မြင့်ပေါ်ကနေ အသက်ထွက်သွားရတဲ့အဖြစ်က အဲဒီရှစ်လေးလုံးနေ့အဖြစ်တွေကို သိပ်ပြီးခံစားမိခဲ့လို့ဖြစ်မယ်လေ” ဟု ထိုင်းနယ်စပ်မှမွန်လူငယ်တစ်ဦးက ယူဆပြောဆိုသည်။

နိုင်နွန်လာသည် မွန်ပြည်သစ်ပါတီဥက္ကဌအဖြစ်တာဝန်ယူခဲ့ဘူးသူတစ်ဦးဖြစ်ပြီး ကွယ်လွန်သည့်ကာလ၌ အသက်(၇၂) နှစ်ရှိပြီး ဒုဥက္ကဌတာဝန် ထမ်းဆောင်နေဆဲဖြစ်သည်။

နိုင်နွန်လာစင်မြင့်ပေါ်စကားပြောနေစဉ် မကွယ်လွန်မီတစ်မိနစ်ခန့်အလိုရိုက်ကူးထားသောပုံ

(၁၉၈၉) ခုနှစ်၊ သြဂုတ် (၈) ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် ABSDF မှဦးဆောင်ကျင်းပသော ရှစ်လေးလုံးနှစ်ပတ်လည်တစ်နှစ်ပြည့်မြောက်ခြင်းအခမ်းအနားတစ်ရပ် ဘုရားသုံးဆူတွင်ကျင်းပနေစဉ် နိုင်နွန်လာ စင်မြင့်ပေါ်၌ သဘာပတိမိန့်ခွန်းပြောကြားရင်း နှလုံးသွေးရပ်၍ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က မွန်ပြည်သစ်ပါတီဗဟိုသည် ဘုရားသုံးဆူမြို့အနီး၌တည်ရှိနေပြီး ရှစ်လေးလုံးသပိတ်အပြီး မွန်တော်လှန်ရေးနယ်မြေသို့ရောက်ရှိလာသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် ABSDF အား ဘုရားသုံးဆူရွာ (ယခုမြန်မာအပိုင်းဘုရားသုံးဆူမြို့)၌ မွန်ပြည်သစ်ပါတီမှ အခြေပြုစေခဲ့သည်။

ရှစ်လေးလုံးသပိတ်ကာလအပြီးတွင် မြန်မာကျောင်းသားများနည်းတူ မွန်ကျောင်းသားတစ်ထောင့်ငါးရာခန့် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည့်မှတ်တမ်းများရှိခဲ့သည်။

နိုင်နွန်လာကွယ်လွန်ခြင်း(၂၁)နှစ်မြောက်အခမ်းအနား
 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views