အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ
သတင်း
Share |

AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

မင်းထက်အောင်၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၆၊ ၁၃၇၂။ သြဂုတ် ၃၁၊၂၀၁၀။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအလံ

မင်းထက်အောင်(သြဂုတ်-၃၀)။     ။ All Mon Region Democracy Party (ခေါ်) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အနည်းဆုံးအမတ်လောင်း (၃၂) ဦး သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ ယမန်နေ့ကစာရင်းပေးသွင်းခဲ့သည်ဟု ထိပ်ပိုင်းပါတီဝင်တစ်ဦးက ပြောသည်။

အကယ်၍ သထုံခရိုင်၊ ပေါင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ခင်အောင်(မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းဖြစ်ခဲ့သူ)၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိစ္စပြေလည်လျှင် ကိုယ်စားလောင်းနောက်တစ်ဦး ထပ်တိုးလာမည်ဟု သိရသည်။

ထို့အတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့်အမတ်လောင်းတစ်ဦးသည်လည်း ယမန်နေ့တွင် စာရင်းပေးသွင်းနိုင်ခဲ့လျှင် တစ်ဦးထပ်မံတိုးလာနိုင်မည်ဟု ယူဆရသည်။

အဆိုပါ ရေဖြူမြို့နယ်၊ မွန်အမတ်လောင်းကိစ္စအား AMRDP ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး ကိုယ်တိုင်သွားရောက်စီစဉ်လျှက်ရှိပြီး လက်ရှိတွင် ဖုန်းအဆက်အသွယ် ပြတ်တောက်နေသဖြင့် အတည်ပြုချက်မရနိုင်သေးပေ။

အနာဂတ်တွင်ဖြစ်ပေါ်လာမည့် လွှတ်တော်အသီးသီးတွင် မွန်အမျိုးသားကိုယ်စားပြု အမတ်များပါရှိပါက မွန်တိုင်းရင်းသားများအရေးကို ဆွေးနွေးတင်ပြနိုင်မည်ဟု ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင် ဒေါက်တာမင်းနွယ်စိုး ပြောကြားခဲ့သည်။

ထို့နောက် AMRDP အားရွေးကောက်ပွဲဝင်သည့်ကိစ္စအား ပြည်ပနိုင်ငံရောက်မွန်အမျိုးသားအချို့ ဝေဖန်နေမှုအပေါ် “သူတို့အမြင်သဘောနဲ့သူတို့ဝေဖန်ကြပါ၊ ကျနော်တို့ကတော့ သူတို့ကို တုန့်ပြန်ပြောဆိုဖို့လည်း မလိုဘူး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်တိုင်းရင်းသားကိုယ်စားပြုပါတီ တစ်ရပ်ရှိဖို့လိုတယ်ဆိုတဲ့အမြင်ကို အခြေခံပြီးဝင်တာပါ၊ အခက်အခဲအမျိုးမျိုး ဘယ်လိုရှိမယ်ဆိုတာကိုလည်း ကျနော်တို့နားမလည်တာမဟုတ်ဘူး၊ ဒီပေါ်ပေါ်က်လာမယ့် လွှတ်တော်တွေထဲမှာ မွန်ကိုယ်စားလှယ်တွေတစ်ယောက်မှမရှိရင် မွန်အရေးကိုဘယ်သူတွေက ပြောပေးမှာလဲ” ဒေါက်တာမင်းနွယ်စိုး ဆက်ပြောသည်။(အသံဖိုင်- Min Nwge Soe 1 MP3)

လာမည့်လွှတ်တော်အသီးသီးအတွက် AMRDP အမတ်လောင်းအရေအတွက်မှာ အနည်းဆုံး(၃၂) ဦး သို့မဟုတ် (၃၄) ဦး၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာရည်ရွယ်ထားပြီး မနက်ဖြန်တွင် ထပ်မံအတည်ပြုနိုင်မည်ဟု သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်လက်အောက်ရှိ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံ(ဘီလူးကျွန်း) မြို့နယ်အသီးသီးမှ AMRDP အမတ်လောင်း (၄) ဦးကျ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ထို့အတူ မော်လမြိုင်မြိုင်မြို့နယ်မှ အမတ်လောင်း (၅) ဦး၊ ပေါင်မြို့နယ်မှ (၃)ဦး၊ ကော့ကရိတ်မြို့နယ်မှ (၃)ဦး၊ မြဝတီမြို့နယ်မှ (၁) ဦးလည်း ရွေးကောက်ပွဲဝင်ရောက်မည့်စာရင်းပေးသွင်းခဲ့သည်ဟု သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အသီးသီး၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှ ကိုယ်စာလှယ်လောင်း (၁၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု သတင်းမှတ်တမ်းများတွင် ဖေါ်ပြသည်။

ထိုရွေးကောက်ပွဲတွင် MNDF မှ လွှတ်တော်အမတ်(၅) ဦးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရမှ တရားဝင်ပါတီအဖြစ်ဖျက်သိမ်းခြင်း၊ ရွေးချယ်ခံလွှတ်တော်အမတ်များနှင့် ပါတီဝင်များအား ဖမ်းဆီးထောင်ချခြင်းတို့ ပြုလုပ်ခဲ့သည်။

“နိုင်ငံရေးမှာ ပြီးပြည့်စုံမှုဆိုတာဘယ်တော့မှမရှိဘူး၊ ကိုယ်ရည်ရွယ်တဲ့အတိုင်း ဖြစ်ချင်မှလည်း ဖြစ်လာလိမ့်မယ်၊ နိုင်ငံအသီးသီးမှာလည်းဒီလိုပါပဲ၊ ကိုယ်မျှော်လင့်သလို မဖြစ်လာတာလည်းရှိတတ်တယ်၊ ရွေးကောက်ပွဲလုပ်ပြီးတိုင်း ကိုယ်လိုတာရချင်မှရမှာပါ” ဟု ဒေါက်တာမင်းနွယ်စိုး ဆက်ပြောသည်။ (အသံဖိုင်- Min Nwge Soe 2 MP3)

AMRDP ပါတီကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ(၇) ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို မြေကွက်အမှတ် (၇)၊ လမ်း(၂၀)၊ မြိုင်သာယာမြို့သစ်၊ မော်လမြိုင်မြို့တွင် ရုံးဖွင့်လှစ်ထားသည်။

စုစုပေါင်းပါတီဝင်အရေအတွက် (၁၄၀၀) ဦးခန့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲသို့ စာရင်းတင်ပြခဲ့သည်။

၎င်းပါတီ၏နိုင်ငံရေးသဘောထားမှာ (က) ပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိစေရန်၊ (ခ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အခြေခံသော ခိုင်မာသည့် တိုင်းရင်သားစည်းလုံးညီညွတ်ရေးတည် ဆောက်ရန်၊ (ဂ)စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်၊ (ဃ)စစ်မှန်သောပြည်ထော်စု ပေါ်ထွန်းတည်တံ့ခိုင်မြဲစေရန်၊ (င)အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်၊ (စ)လှုမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်၊ (ဆ)ငြိမ်းချမ်းသော ကမ္ဘာ့လှုနေမှုစနစ်ထွန်းကားလာရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း (၂၀၁၀) ခုနှစ်၊ မေလ(၁)ရက်နေ့တွင် အတည်ပြုထားသော AMRDP ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရေးသားဖေါ်ပြထားသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views