အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း
သတင်း
Share |

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

နော်ဖေါ၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၄၊ ၁၃၇၂။ သြဂုတ် ၂၉၊၂၀၁၀။

နော်ဖေါ (သြဂုတ်-၂၉)။    ။ မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့် ပြောင်းလဲရေးပေါ်လစီကြောင့် စစ်အစိုးရနှင့် ပူးတွဲနေသည့် ဒီကေ ဘီအေခေါ် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော်သည်၊ ကေအန်ယူထံပြန်လည် ပူးပေါင်းလာနေကြ ပါသည်။ ၄င်းပူး ပေါင်းလာသည့် တပ်ဖွဲ့ဝင်များသည်လည်း ၄င်းတို့ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းနှင့် အတူ လာရောက်ပူးပေါင်းနေခြင်းဖြစ်ပါသည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဖားအံမြို့နယ် ၊ ထို့ကော်ကိုးကျေးရွာ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇ဝ၃) တပ်ခွဲ (၃)မှူး ကျားလေးသည် (၂၆-၈-၂ဝ၁ဝ) ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၇) နှင့်လာ ရောက်ပူးပေါင်းခဲ့သည်။

သူနှင့်အတူ (AR) တစ်လက် ၊ (AR) ကျည်ကပ် အရှည် (၄)ခု၊ ကျည်ဆံ (၂၁၁)တောင့်၊ ခါးဘိုင်း တစ်လက် ၊ ခါးဘိုင်းကျည်ကပ်အရှည် (၂)ခု၊ ကျည်ဆံ (၈၇)တောင့်၊ (၃၈ –ဆုံလည်သေနပ်အတို) ကျည်ဆံ (၄၉)လုံး ၊ လမ်းလျှောက်စကားပြောစက် တစ်လုံး ကိုယူဆောင်လာခဲ့သည်။ တစ်ရက်တည်းတွင် ကရင်ပြည် နယ်၊ မြဝတီမြို့နယ် (BGF) တပ်သား စောဖိုးလယ် (အသက် ၄၂နှစ်)၊ ကျောအယ်ဂေ (အသက် ၂၃နှစ်) ၊စောလားမူး (အသက် ၃၄နှစ်)တို့သည် ကေအန်ယူတပ်ရင်း (၁ဝ၁)နှင့်လာရောက်ပူးပေါင်းခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆပ်ကြီးမြို့နယ် ၊ ကြာအင်းဆိပ်ကြီးမြို့သစ် (KPF) တပ်ရင်း (၂) တပ်ခွဲ (၂) မှ တပ်ကြပ်ကြီးစောနီ (အသက် ၂၃နှစ်) ၊ တပ်စိတ်မှူး စောတကယ် (အသက် ၁၈နှစ်) ၊ တပ်သား စောဘီဒီဝို (အသက် ၁၇နှစ်) ၊ တပ်သား စောခုနားတူး (အသက် ၁၆ နှစ်) တို့သည် (၁၆-၈-၂ဝ၁ဝ) ရက်နေ့ တွင်ကေအန်ယူ တပ်ရင်း (၁၇) ထံလာရောက်ပူးပေါင်းခဲ့သည်။ သူတို့နှင့်အတူ (AK) ၃-လက်၊ ကျည်ကပ် ၃-ခု၊ ကျည်ဆံ (၇)လုံးကို ယူဆောင်လာခဲ့သည်။

ထို့ကြောင့် ဒီကေဘီအေ တပ်ဖွဲ့များအပြင် ဗိုလ်ဌေမောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲပယ်ချခဲ့ပါသည်။

ဤသို့ဖြင့် စစ်အစိုးရ နှင့် ပူးပေါင်းနေသည့်ကရင်အဖွဲ့အစည်းအားလုံးသည်၊ ကေအန်ယူနှင့် လာပေါင်းကြတော့မည်မှာ ဧကန်မုချဖြစ် ပေသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views