အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ
သတင်း
Share |

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

စိုးစိုး၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၄၊ ၁၃၇၂။ သြဂုတ် ၂၉၊၂၀၁၀။

စိုးစိုး (သြဂုတ်-၂၉)။    ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ဗဟိုရွေးကောက်ပွဲကော်မီရှင်သို့  အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကိုတင်ပြနိုင်ရန် နောက်ဆုံးအတည်ပြုရမည့် စာရင်းကိုပြုစု နေသည်ဟု ၄င်းတို့ပါတီဝင်များက ပြောပါသည်။

ဗဟိုရွေးကောက်ပွဲ ကော်မီရှင်သည် သြဂုတ်လ(၃၀)ရက် နေ့ကိုနောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် တနိုင်ငံလုံးရှိ ရွေးကောက်ပွဲ ၀င်မည့် ပါတီများအား  နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)သည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း ရှိမွန်လူမျိုးများကို အခြေခံပြီး ရွေးကောက်ပွဲဝင်ပြိုင်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူဆီက သိရပါသည်။ အများ ဆုံး (၁၁)မြို့ နယ်မျှ ၀င်ပြိုင်မည်ဟုဆိုပါသည်။

၎င်းမြို့ နယ်များမှာ ရေးမြို့ နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့ နယ်၊ မော်လမြိုင်မြို့ နယ်၊ ကျိုက်မရောမြို့ နယ်၊ ဘီလူးကျွန်းချောင်းဆုံမြို့ နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကော့က ရိတ်မြို့ နယ်၊ ဖါးအံမြို့ နယ်၊ ပေါင်မြို့ နယ၊် ရေဖြူမြို့ နယ်တို့ ဖြစ်သည်။

သို့ရာတွင် အမတ်လောင်းစာရင်းအတိအကျကို မနက်ဖြန်မှ သိရှိနိုင်မည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပြောပြချက်အရ သိရသည်။

အထက်ပါစာရင်းများမှာ နောက်ဆုံးအတည်ပြုထားသည့် စာရင်းဖြစ်ပြီး စာရင်းတင်ပြနိုင်ရန် တရားရုံးထံကြိုတင်အကြောင်းကြားခြင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မီရှင်ထံ သွင်းထားသည့် ဘဏ်ငွေစာရင်း များကို အချိန်မှီတင်ပြနေရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)သည် ပြည်သူ့ လွှတ်တော် အမျိုးသား   လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မှာပါ ပါဝင်ယှဉ်ပြိုင်မည်ဟု သိရပါသည်။ ဤကိုယ်စားလှယ်များအတွက် လိုအပ်သည် များကို အချိန်မှီတင်ပြနိုင်ရန် ကြိုးစားနေရပါသည်။

 “ပေးတဲ့အချိန်ကလည်း နည်းလိုက်တာ။ ဒီတော့လွှတ်တော်ကိုယ်စားလှယ်များအတွက် ဓါတ် ပုံရိုက်တာ လျှောက်လွှာပုံစံစိစစ်တာ ကိုယ်ရေးရာဇဝင်တွေဖြည့်စွက်တာ ဘဏ်ငွေသွင်းတာတွေကို အချိန်မှီ အောင်မနည်းလုပ်နေရပါတယ်၊ ပြီးတော့ပါဝင်ရှင်ပြိုင်တဲ့ အမတ်လောင်းစာရင်းကိုလည်း နောက်ဆုံးအတည်ပြု တဲ့ စာရင်းထွက်လာအောင်လည်း  အချိန်မှီလုပ်နေရသလို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး တရားသူကြီးရုံး တွေကိုလည်း ဒီလ(၃၀)ရက်နေ့အမှီ အမည်စာရင်းတွေ တင်သွင်းနိုင်အောင် အလျင်အမြန်ကို လုပ်နေရပါ တယ်” ဟု (AMRDP)မှပါတီဝင်တဦးကပြောပါသည်။

မွန်ပြည်နယ်ဖြစ်သော်ငြား ၀င်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများ အတည်မပြုနိုင်သေးသည့်အတွက် ဘီလင်းမြို့နယ်၊ ကျိုတ်ထိုနှင့်သထုံမြို့နယ်တို့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ပါဝင်ရှင်ပြိုင်မည်မဟုတ်သိရပါသည်။

ထို့အပြင် မဲထည့်ရာ၌ မမှားရစေရန်မဲဆန္ဒရှင်များအား ပညာပေးရန်အတွက် ပြီးခဲ့သည့်သြဂုတ်လ (၂၇)ရက်တွင် မဲထည့်တတ်ရေး ပညာပေးမှုသင်တန်းကိုလည်း ပို့ ချခဲ့ပါသည်။

စစ်အစိုးရသည် ပါတီတည်ထောင်ခွင့်ပေးသည့်အချိန် မှာလည်း အချိန်နီးကပ်မှခွင့်ပြုသလို လူထုစည်းရုံးခွင့် ပါတီဝင်စုဆောင်းချိန် ရွေးကောက်ပွဲကော်မီရှင်ကိစ္စ တရားသူကြီးရုံးကိစ္စနှင့် အခြားကိစ္စတွေမှာ အချိန်လုံလောက်မှု မရှိပေ။ 

ဤသို့ကြောင့် လက်ရှိစစ်အစိုးရမှကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း အကဲခတ်များ ယူဆပြောဆိုနေသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views