အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို
သတင်း
Share |

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

မင်းထက်အောင်၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၁၊ ၁၃၇၂။ သြဂုတ် ၂၆၊၂၀၁၀။

(မင်းထက်အောင်)သြဂုတ်-၂၆။    ။ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအား လာမည့်စက်တင်ဘာလ(၁) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်အကြောင်းကြားရန် ရတခတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းက ပါတီထိပ်ပိုင်းအရာရှိတစ်ချို့နှင့်တွေ့ဆုံပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီနိုင်ငံခြားရေးရာဌာနမှ တရားဝင်ပြောကြားပါသည်။

ရတခတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း
ရတခတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း

ယမန်နေ့ညပိုင်း၌ မွန်သတင်းဌာနများသို့ ပြောကြားရာ၌ “စက်တင်ဘာလတစ်ရက်နေ့ကို နောက်ဆုံးနေ့ပဲဆိုတယ်၊ နယ်ခြားစောင့်လုပ်ဖို့လက်မခံဘူးဆိုရင် အပစ်မရပ်သေးခင်ကာလကို ပြန်ရောက်သွားမယ် အဲဒီလို ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်မှာကြားသွားတယ်လို့ တိုင်းမှူးကပြောတယ်” ဟု မွန်ပြည်သစ်ပါတီနိုင်ငံခြားရေးရာဌာမှ ဒုတာဝန်ခံ နိုင်ခြေးမွန်ပြောသည်။

ယခုရတခတိုင်းမှူးနဲ့ သွားရောက်တွေ့ဆုံခဲ့သော မွန်ပြည်သစ်ကိုယ်စားလှယ်များမှာ စက်တင်ဘာလတစ်ရက်နေ့ တောင်းဆိုချက်ကို ပြန်လည်အကြောင်းပြန်နိုင်ရန် မွန်ပြည်သစ်ပါတီမှ အစည်းအဝေးတစ်ရပ် မကြာမီကျင်းပသွားမည်ဟု ပြောဆိုခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကြိုတင်ချိန်းဆိုထားသည့်အတိုင်း လွန်ခဲ့သည့်သြဂုတ်လ(၂၃) ရက်နေ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် နိုင်အောင်မင်းနှင့် နိုင်တလညီတို့ဦးဆောင်ကာ အရှေ့တောင်တိုင်းစစ်ဌာချုပ်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်အောင်မင်း၊ (၆၂)ကြိမ်မြောက် တော်လှန်းရေးနေ့အခမ်းအနား တွေ့မြင်ရပုံ
မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်အောင်မင်း၊ (၆၂)ကြိမ်မြောက် တော်လှန်းရေးနေ့အခမ်းအနား တွေ့မြင်ရပုံ

သို့ရာတွင် မွန်ပြည်သစ်ပါတီမှ အချိန်နောက်ကျခဲ့သည့်အတွက် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် နေပြည်တော်သို့ပြန်လှည့်သွားရပြီး ထိုနေ့ညနေပိုင်း (၇း၃၀) ခန့်တွင် ရတခတိုင်းမှူးအားတွေ့ဆုံဖြစ်ခဲ့သည်။

အထူးသဖြင့် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီဥက္ကဌနှင့် ဒုဥက္ကဌတို့အားတွေ့ဆုံလိုသည်ဟု အကြောင်းကြားခဲ့သော်လည်း အခြေအနေအရပ်ကြောင့် ၄င်းတို့မသွားရောက်နိုင်ဟု သိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသောအပစ်ရပ်အဖွဲ့များထံ ဗိုလ်ချုပ်ရဲမြင့် တကြော့ပြန်လည် သွားရောက်တွေ့ဆုံမှုများ ယခုတလောပြုလုပ်ခဲ့ရာတွင် အပစ်ရပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် မတွေ့ဆုံနိုင်ခဲ့ဟု သတင်းများတွင် ဖေါ်ပြကြသည်။

“တောင်းဆိုချက်အသစ်တစ်ခု ထပ်ပါလာတယ်၊ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီရွေးကောက်ပွဲကို မနှောက်ယှက် မဖျက်စီးဖို့ကိုလည်း တိုင်းမှူးကပြောပါသေးတယ်” ဟု နိုင်ခြေးမွန် ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီမှ အငြိမ်းစားယူခဲ့ပြီး လက်ရှိစစ်အကြံပေးကော်မတီတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်ကောင်းရွတ်က “ရွေးကောက်ပွဲမပြီးမချင်းတော့ နအဖတပ်တွေ ဝင်တိုက်မှာမဟုတ်ဘူးလို့ကျနော်ယူဆတယ်၊ အကယ်၍ သေနတ်သံတွေပေါက်သွားရင် ဒီရွေးကောက်ပွဲအတွက် အခက်အခဲပိုရှိလာနိုင်တယ်”ဟု ပြောသည်။

ယမန်နေ့ (၆၃) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့အခမ်းအနား ထုတ်ပြန်ကြေညာချက်တွင် မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးအာမခံချက်မရှိပဲ တပ်အသွင်ပြောင်းလဲရေးကိုလက်မခံ၊ နောင်တက်လာမည့်အစိုးရ သို့မဟုတ် လက်ရှိစစ်အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်သွားရန် တောင်းဆိုထားသည်။

စစ်အစိုးရသည် မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်ဖွဲ့စည်းသွားရေးကိစ္စကို လွန်ခဲ့သည့် ဧပြီလ (၂၂) ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ပေးခဲ့သဖြင့် နှစ်ဖက်တင်းမာမှုများ ဖြစ်နေသည်။

စစ်အစိုးရနှင့်တင်းမာမှုဖြစ်ပေါ်နေသည့်အတွက် မွန်ပြည်သစ်ပါတီမြို့ပေါ်ရုံးများအင်အားလျှော့ချခဲ့ပြီး နှစ်ဖက်အပြန်အလှန်ဆက်သွယ်နိုင်ရန် ဗဟိုကော်မတီဝင်တစ်ဦးထားရှိကာ မွန်ပြည်သစ်မှ ဆက်ဆံရေးအဆင့် နှိမ့်ချခဲ့သည်။

၁၉၉၅ ခုနှစ်မှ အပစ်ရပ်သက်တမ်း တလျှောက်လုံး၌ ယခုကာလသည် စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား အတင်းမာဆုံးကာလဟု အကဲခတ်များ သုံးသပ်ကြသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views