အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ
သတင်း
Share |

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဆူးပန်း၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၁၊ ၁၃၇၂။ သြဂုတ် ၂၆၊၂၀၁၀။
NMSP-မွန်ပြည်သစ်ပါတီမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လရီဂကောင်း
မွန်ပြည်သစ်ပါတီမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လရီဂကောင်း မိန့်ခွန်းပြောနေပုံ

မွန်တော်လှန်ရေးနေ့အခန်းအနားကို မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသဖြစ်သည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ဂျပန်ရေတွင်းကျေးရွာမှာကျင်းပမြဲဖြစ်သော်လည်း ယခုနှစ်တွင် ပါတီရဲ့အခြေခံဒေသဖြစ်သည့် ဗလဲ့ဒွန်ဖိုက် ကျေးရွာတွင်ပြောင်းလဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးတို့အကြား ဆက်ဆံရေး တင်းမာမှုကြောင့်ယခုလိုပြောင်းရွှေ့ကျင်းပရသည်ဟု မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အရာရှိတစ်ဦးမှ ယခုလိုပြောပါသည်။

“ကျွန်တော်တို့တတွေဟာ(၂ဝဝ၈)အခြေခံဥပဒေကို လက်မခံတဲ့အတွက်ကတစ်ကြောင်းအသွင်ကူးပြောင်း ရေးကာလမှာ နယ်ခြားစောင့်တပ်နဲ့ ဌာနေပြည်သူ့စစ်ကို ကျွန်တော်တို့လက်မခံတဲ့အတွက် (၂ဝ၁ဝ) မွန်တော်လှန်ရေး နေ့ကို ကျွန်တော်တို့ မွန်တို့ရဲ့လွတ်လပ်သောနယ်မြေမှာ လာရောက်ကျင်းပခြင်းဖြစ်ပါတယ်။”

သြဂုတ်လ(၂၅)ရက်နေ့တွင်ကျင်းပသော မွန်တော်လှန်ရေးနေ့အခန်းအနားတွင် မွန်ပြည်သစ်ပါတီမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လရီဂကောင်းမှ သဘာပတိအဖြစ်တက်ရောက်ခဲ့ပြီး သဘာပတိအဖွဲ့ဝင်များ အဖြစ် ဗဟိုကော်မီတီဝင် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင် ဗဟိုကော်မီတီဝင် ဗိုလ်မှူး အာမ်စိုက်ချမ်း တို့ပါဝင်ခဲ့ပါသည်။

အခန်းအနားမှူးအဖြစ် နိုင်ထောရော့မှဆောင်ရွက်ခဲ့ပါသည်။ အခန်းအနားကို မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့မှ သေနတ်(၂၁)ချက်ပစ်ဖေါက်၍ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိအနေအထား အရ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား ဆက်ဆံရေးအခြေအနေများကို ဗိုလ်မှူးချုပ် လရီဂကောင်းက ယခုလိုရှင်းပြပါသည်။

“ဆက်ဆံရေးကတော့ အရင်ကလိုပုံစံအဟောင်းအတိုင်းတော့မဟုတ်ဘူး။ ကျွန်တော်တို့ပါတီက စစ်အစိုးရနဲ့ ဆက်ဆံတဲ့အခါမှာ ဟိုတုန်းကဆိုရင် မြို့ထဲမှာဆိုရင် ဗဟိုအလုပ်အမှုဆောင်ကော်မီတီအဆင့် ဦးစီးပြီးတော့ ထားထားတာရှိတယ်။ အခုကျတော့ အခြေအနေအရပ်ရပ်ကြောင့် ဗဟိုကော်မီတီအဆင့် ဘဲထားပြီးတော့ အဆင့် လျော့ချထားတာရှိပါတယ်။”

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရတိုက်တွန်းထားသည့် နယ်ခြားစောင့်တပ်နှင့်ဌာနေပြည်သူ့စစ်အသွင် ပြောင်းရန်လက်မခံသည့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

(၂ဝ၁ဝ)ခုနှစ်ဧပြီလ(၂၂)နေ့ အရေး ပေါ် ဗဟိုကော်မီတီအစည်းအဝေးအပြီးတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့လက်မခံကြောင်း စစ်အစိုးရကို တရားဝင် အကြာင်းပြန်ခဲ့ပြီးဖြစ်ပါသည်။

အကယ်၍စစ်အစိုးရကနေ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ ထပ်မံဖိအားပေး အကြပ်ကိုင် လာမယ်ဆိုလျှင် မွန်ပြည်သစ်ပါတီရဲ့သဘောထားကို ဗိုလ်မှူးချုပ်လရီဂကောင်းက အခုလိုပြောခဲ့ ပါသည်။

“ဒီ နယ်ခြားစောင့်တပ်ကိစ္စနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့မွန်ပြည်သစ်ပါတီသဘောထားကတော့ ရှင်းရှင်းပါဘဲ။ စစ်အစိုးရကိုလဲ ပြန်လည်အဖြေပေးပြီးသားဘဲ။ နယ်ခြားစောင့်တပ်ဘဲဖြစ်ဖြစ် ပြည်သူ့စစ်ဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာချထားတာက လုံးဝလက်မခံဘူး။”

မွန်တော်လှန်ရေးသည် မွန်အမျိုးသားတွေရဲ့ရပိုင်ခွင့်အတွက် (ဖဆပလ)အစိုးရဆီမှာ ဥပဒေနည်းလမ်း အရတောင်းဆိုခဲ့သော်လည်း အစိုးရကနေလက်မခံသည့်အပြင် မွန်ခေါင်းဆောင်များကိုဖမ်းဆီးချုပ်နှောင်ခြင်း ထောင်ချခြင်း လုပ်ကြံသတ်ဖြတ်ခြင်းပြုလုပ်ခဲ့သည့်အတွက် မတတ်သာသည့်အဆုံး (၁၉၄၈)ခုနှစ် ဝါခေါင်လပြည့်နေ့ တွင် မွန်လူငယ်အဖွဲ့များမှ ဂျိုင်းမြစ်ကမ်းနံဘေးကျေးရွာများမှ ကာကွယ်ရေးလက်နက်များသိမ်းဆည်းပြီး လက်နက် ကိုင်တိုက်ပွဲကို စတင်ခဲ့သည့်နေ့ရက်ဖြစ်ပါသည်။
မွန်လက်နက်ကိုင်တော်လှန်ရေးသည် (၆၃)နှစ်သက်တမ်း ပြည့်ခဲ့ပြီးဖြစ်သည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views