အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း
သတင်း
Share |

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

နော်ဖေါ၊ ကောင်းဝါ
ဝါခေါင်လဆန်း ၁၄၊ ၁၃၇၂။ သြဂုတ် ၂၄၊၂၀၁၀။

နော်ဖေါ (၂၄-သြဂုတ်)။   ။- ဤသြဂုတ်လအတွင်း တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ဖြစ်သည့် ဒီကေဘီအေတပ်ဖွဲ့မှ ကေအန်ယူထံ လာရောက်ပူးပေါင်းမှုများ တိုးလာသည်ဟု ကေအန်ယူအောက်ခြေ တပ်ဖွဲ့ များထံမှ ကြားသိရပါသည်။

လာ ရောက်ပူးပေါင်းကြသည့် ဒီကေဘီအေတပ်ဖွဲ့ ဝင်တိုင်းသည်လည်း ၄င်းတို့ကိုင်ဆောင်သည့် လက်နက်များဖြင့် လာရောက်ပူးပေါင်းခဲ့ကြပါသည်။

အခမ်းအနားတစ်ခုမှ ဒီကေဘီအေအရာရှိများ
အခမ်းအနားတစ်ခုမှ ဒီကေဘီအေအရာရှိများ

မွန်ပြည်နယ် သထုံခရိုင်၌ အခြေချသည့် ဒီကေဘီအေ တပ်မဟာ (၃၃၃)၊ လက်အောက်ခံ တပ်ရင်း (၂) မှတပ်သားမောင်လှဦး နှင့် စောအယ်ထူး နှစ်ဦးသည် (၂၂-၈-၂ဝ၁ဝ) ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၇) ထံလာရောက်ပူးပေါင်းခဲ့သည်။

၎င်းတို့နှင့်အတူ (AR) ၂လက် နှင့်ကျည်ဆံ (၁၄၈) တောင့်၊ (AK)တလက်နှင့် ကျည်ဆံ (၁၇)တောင့်ကိုလည်း ယူဆောင်လာခဲ့သည်။

အလားတူ ကရင်ပြည်နယ် ၊ ဖားအံခရိုင်၊ ဖားအံမြို့နယ်မှ ဒီကေဘီအေ တပ်မဟာ (၅၅၅) လက်အောက်ခံ တပ်ရင်း (၃)မှ တပ်သား (၂)ဦးဖြစ်သော စောဒါးအယ် အသက် (၁၅) နှင့် စောခူမူး အသက် (၁၄) တို့သည် (၂၂-၈-၂ဝ၁ဝ)ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၇) နှင့်ပင် လာရောက်ပူးပေါင်းခဲ့သည်။

၎င်းတို့နှင့်အတူ (AR) ၂လက် နှင့် ကျဉ်ဆံ ၁၇၆တောင့်၊ မဂ္ဂဇင်း (ကျည်ကပ်)(၇) ခု ပါလာခဲ့ပါသည်။

ကရင်ပြည်နယ် ၊ ဖားအံမြို့နယ် အတွင်း၌ရှိသော ဒီကေဘီအေ အထူးတပ်ရင်းက တပ်ကြပ် စိန်တင်ဝင်းသည် (၁၉-၈-၂ဝ၁ဝ) ရက်နေ့တွင် (RPG-7) တလက်ကျည်ဆံ (၄)လုံး ၊ လမ်းလျှောက်စကား ပြောစက်တလုံး နှင့်အတူ ကေအန်ယူတပ်မဟာ(၇) နှင့်လာရောက်ပူးပေါင်းခဲ့သည်။

အလားတူကရင်ပြည်နယ် ဖါးအံမြို့နယ်၌ အခြေချသည့် ဒီကေဘီအေ တပ်မဟာ(၉၉၉) တပ်ရင်း(၂)မှစောရွှေ ထီးသည်၊ပြီးခဲ့သည့်သြဂုတ် (၁၉)ရက်နေ့၌ (၆ဝ)မမ တလက် ကျည် (၃)လုံးနှင့်အတူ ကေအန်ယူတပ်မဟာ (၇)ထံ လာရောက်ပူးပေါင်းခဲ့ပါ သည်။

သြဂုတ်လ(၂၁)ရက်နေ့၌လည်း၊ ဒီကေဘီအေ တပ်မဟာ(၉၉၉)မှ တပ် ကြပ်စောသန်းစိုးအပါဝင် စောအောင်ကိုလတ်၊ စောဖြူကျော်၊ နှင့်စောကို့ကို့တို့သည်၊ အေကေ (၄)လက်နှင့် ကျည်ကပ်(၆)ခု၊ ကျည်ဆံ(၅၄)တောင့်၊ ကါဘိုင်တလက်နှင့် ကျည်(၁၆)တောင့်၊ အေအာတလက်နှင့် ကျည်ကပ် နှစ်ခု ကျည်ဆံ(၅ဝ)၊ လမ်းလျှောက်စကားပြောစက် တလုံးနှင့်အတူ ကေအန်ယူတပ်မဟာ(၇)ထံ လာရောက်ပူး ပေါင်းခဲ့ပါသည်။

ထို့ကြောင့်ဤအခြေအနေကိုကြည့်လျှင် နအဖက ၄င်းတို့အား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ဖိအားပေးလာပြီးနောက်ပိုင်း ဒီကေဘီအေတပ်များသည်၊ ကေအန်ယူနှင့်လာရောက်ပူးပေါင်းမှုများ တိုးလာနေ ခဲ့ပါသည်။

ဒီကေဘီအေတပ်ဖွဲ့သည်၊ (၁၉၉၄)ခုနှစ်၌ ကေအန်ယူမှ ခွဲထွက်ပြီး ကေအန်ယူစခန်းများကို နအဖ တပ်များနှင့်တွဲဖက်ပြီး အကြိမ် ကြိမ်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ ပါသည်။

ယခုမူနအဖမှ ၄င်းတို့အား နယ်ခြားစောင့်တပ်ဖွဲ့ရန် ဖိအားပေးလာမှ မကြေမနပ်ဖြစ်ကြပြီး ကေအန်ယူထံလာရောက်ပူးပေါင်း နေခြင်း ဟု လာရောက်းပူးပေါင်းသူတွေကပြောပါသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views