အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း
သတင်း
Share |

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

နော်ဖေါ၊ ကောင်းဝါ
ဝါခေါင်လဆန်း ၁၂၊ ၁၃၇၂။ သြဂုတ် ၂၂၊၂၀၁၀။

နော်ဖေါ (၂၂-သြဂုတ်)။    ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီသည် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို သြဂုတ်လ (၁၈) ရက်နေ့တွင် တစ်ရွာလျှင် လူဦးရေ (၅ဝ) ခန့် ကိုပါတီဝင်ကဒ်များ ထုတ်ပေးခြင်းဖြင့် မဲဆွယ်စည်း ရုံးခဲ့ပါသည်။

တစညပါတီသည် မွန်အမျိုးသားများအတွက် အကျိုးဆောင် ပေးမည်ဟုဆိုပြီး နယ်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရေးမြို့နယ် တစညပါတီဥက္ကဌ ဦးလှမောင်က ရေးမြို့နယ်မြောက် ဘက်ခြမ်း၌ရှိသော အံဒင်၊ နှီးနှော၊ အဘော်ရွာများတွင် တစ်ရွာလျှင် လူအယောက် (၅ဝ)ခန့် ပါတီဝင်ကဒ် ထုတ်ပေးခဲ့ခြင်းဖြစ် စည်းရုံးခဲ့သည်။

“ရေးမြို့နယ်အတွင်း သွားလာတဲ့အခါမှာ ပါတီဝင်ကဒ်ထုတ်ပြနိုင်မယ်ဆိုရင် ယာဉ်ထိန်း ရဲတွေက မစစ်ဆေးဘူး။
ကျေးရွာအတွင်းမှာ လုပ်အားပေးရတဲ့အခါမှာလည်း ကိုယ်ကလုပ်အားပေးဖို့မလိုဘူး။ ပိုက်ဆံကောက်တဲ့ အခါ မှာလည်းပေးစရာမလိုဘူး” ဟု ရေးမြို့နယ်အတွင်းက ပါတီဝင်ကဒ်ရရှိထားတဲ့ ပါတီဝင်တစ်ယောက်က ပြောပါ သည်။

အလားတူ ရေးမြို့နယ်တောင်ပိုင်းဒေသက ကလော့၊ ဟံဂါံရွာတွေကိုလည်း ပြီးခဲ့သည့်သြဂုတ်လ(၁၉) ရက်နေ့ တွင် ပါတီဝင်ကဒ်ထုတ်ပေးခြင်းဖြင့် သွားရောက်စည်းရုံးခဲ့ပါသည်၊၊

တစညပါတီသည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ ပါတီတစ်ခုဖြစ်ပါသည်။ ၄င်းတို့သည် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

သို့သော်အမတ်နေရာ အနည်းငယ် ဖြင့်ရှုံးနိမ့်ပြီး ယခု၂ဝ၁ဝ ရွေးကောက်ပွဲကိုဆက်လက်ဝင်ရောက်ခြင်း ဖြစ်ပါသည်၊၊ ၄င်းတို့စည်းရုံးရေးဆင်းရာမှာ ရေးမြို့နယ်တွင်စည်းရုံးရေး(၂) ကြိမ်ပြုလုပ်သွားခဲ့ပြီး ပထမတစ်ကြိမ်ကို ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်နေ့မှာ ပြုလုပ်ခဲ့ပါသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views