အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော
သတင်း
Share |

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

မင်းထက်အောင်၊ ကောင်းဝါ
ဝါခေါင်လဆန်း ၁၁၊ ၁၃၇၂။ သြဂုတ် ၂၁၊၂၀၁၀။

မင်းထက်အောင်(၂၁-သြဂုတ်)။    ။ မလေးရှားနိုင်ငံရောက် မွန်လူငယ်များအဖွဲ့မှ ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်းအနားတစ်ရပ်ကျင်းပသွားရန် စီစဉ်ထားပြီဖြစ်ကြောင်း ယင်းအဖွဲ့အတွင်းရေးမှူး နိုင်ဥက္ကာက ကောင်းဝါသတင်းဌာနသို့ ဆက်သွယ်ပြောကြားပါသည်။

၎င်းအပြောအရ လာမည့်သြဂုတ်လ(၂၅) ရက်နေ့တွင်ကျရောက်မည့် (၆၃)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall ခမ်းမဆောင်အပေါ်ထပ်တွင် ကျင်းပမည်ဟု သိရသည်။

မွန်တော်လှန်ရေးနေ့အထိမ်းအမှတ် တီရှပ်အင်္ကျီရှေ့ပုံဒီဇိုင်း

မွန်တော်လှန်ရေးနေ့အထိမ်းအမှတ် တီရှပ်အင်္ကျီရှေ့ပုံဒီဇိုင်း

“ဒီလိုတော်လှန်ရေးနေ့အခမ်းအနားတွေကို မလေးရှားမှာတစ်ခါမှမလုပ်ခဲ့ဖူးဘူး၊ ဒီနှစ်မှာမှ ပထမဆုံးအကြိမ်လုပ်ကြတာပဲ၊  လှုပ်ရှားမှုရှိမှ အမျိုးသားရေးစိတ်ဓါတ်ရှင်သန်မယ်၊ 
ပူးပေါင်းဆောင်ရွက်မှုရှိကြမယ်၊ မတူညီတဲ့အမြင်တွေစုစည်းနိုင်မယ်”ဟု နိုင်ဥက္ကာ ပြောသည်။

မလေးရှားနိုင်ငံရောက် မွန်လူငယ်များအဖွဲ့မှဦးဆောင်ကျင်းပမည့် ယင်းအခမ်းအနားတွင် မလေးရှားမှမွန်အဖွဲ့အစည်း (၃၅) ဖွဲ့ပါဝင်ကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံရောက်မွန်များမှာ ပြည်တွင်းရှိမိမိကျေးရွာများအလိုက် စုဖွဲ့ထားသောအဖွဲ့(၃၀) ကျော် ရှိသည့်အပြင် မွန်ကယ်ဆယ်ရေးအဖွဲ့ကဲ့သို့ အမျိုးသားရေးကိုအခြေခံဖွဲ့စည်းခဲ့သည့်အဖွဲ့(၃) ဖွဲ့လည်း ရှိသည်။

“တော်လှန်ရေးနေ့အထိမ်းအမှတ် တီရှပ်အထည်ငါးရာရိုက်ထားတယ်၊ တစ်ထည်ရင်းဂစ်(၃၀) နဲ့ရောင်းနေတယ်” ဟု နိုင်ဥက္ကာ ဆက်ပြောသည်။

အဆိုပါတီရှပ်ရှေ့ပိုင်းတွင် ကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်းများဖြစ်ကြသည့် နိုင်ရွေကျင်၊ နိုင်နွန်လာနှင့် နိုင်ထင်တို့၏ ရုပ်ပုံပါနောက်ခံမွန်ပြည်သစ်ပါတီအလံနှင့် နောက်ကျောတွင် လူထုလူတန်းစားအသီးသီးတို့က တစ်ခုတည်းသောမွန်အလံတော်အောက်တွင် ချီတက်နေသည့်ရုပ်ပုံကို ရိုက်နှိပ်ထားသည်။

မွန်ပြည်သစ်ပါတီအပေါ် ဘယ်လိုမြင်သလဲဟုကောင်းဝါကမေးမြန်းရာတွင် “မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကမှန်ကန်တယ်၊ ပြောင်းလဲမှုတစ်စုံတစ်ရာ မပေးနိုင်တဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တာ
ကျနော်တို့အားလုံးရဲ့တာဝန်ပဲ” ဟု နိုင်ဥက္ကာပြောသည်။

မွန်တော်လှန်ရေးနေ့အထိမ်းအမှတ် တီရှပ်အင်္ကျီနောက်ကျောဒီဇိုင်း

လာမည့်ရွေးကောက်ပွဲဝင်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့်ပတ်သက်ပြီး
“သူတို့ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်တယ်၊ ဒါပေမယ့် ပါတီရဲ့အရေးထက် အဓိကမွန်ပြည်သူရဲ့အရေးကို ပိုလုပ်ဆောင်စေချင်တယ်၊ တကယ်လို့ AMRDP က မွန်ပြည်နည်အစိုးရဖြစ်လာခဲ့ရင်လည်း စေ့စပ်ညှိုနှိုင်းရမယ့်လုပ်ငန်းစဉ်ကြီးတစ်ခုကိုတော့ လုပ်ရလိမ့်မယ်ထင်တယ်၊ အားလုံးကမွန်တော်လှန်ရေးစိတ်ဓါတ်ရှိနေသူတွေပဲ” ဟု ၄င်းကဆက်ပြောသည်။

မွန်တော်လှန်ရေးနေ့သည် ကောဇာသက္ကရာဇ် (၁၃၁၀)ခုနှစ်၊ဝါခေါင်လပြည့်ရက်၌ဖားအံမြို့နယ်၊ဇာသပြင်ကျေးရွာရဲစခန်းအားမွန်လူငယ်များလက်နက်စတင်လုယူသိမ်းဆည်း ခဲ့သည့်နေ့ကို အစွဲပြုသတ်မှတ်ခဲ့ပြီးနှစ်စဉ်ဝါခေါင်လပြည်နေ့ကျရောက်တိုင်းအခမ်းအနားများကျင်းပခဲ့ကြသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views