အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး PSDP
သတင်း
Share |

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

ဆူးပန်း၊ ကောင်းဝါ
ဝါခေါင်လဆန်း ၁၀၊ ၁၃၇၂။ သြဂုတ် ၂၀၊၂၀၁၀။

စစ်အစိုးရက ကျင်းပပြုလုပ်ပေးမည့် အထွေထွေရွေးကောက်ပွဲတွင် ကရင်အမျိုးသားပါတီအသစ်တစ်ခု ဖြစ်သည့် ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီသည် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယခုအခါ စည်းရုံးရေးခရီး စတင်ဆင်းနေပြီးဟု ပါတီဥက္ကဌဖြစ်သူ ဦးစောခင်မောင်မြင့်မှပြောပါသည်။

ပါတီစည်းရုံးရေးခရီးများကို အချိန်တိုတို နှင့်ဆင်းနေရသကဲ့သို့ အချိန်တိုတိုအတွင်းတွင် ပါဝင်အရွေးခံမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် စာရင်းတင်ရ သည့်ဖြစ်စဉ်အပေါ်တွင် အခက်အခဲရှိနေသည်ဟု ပါတီဥက္ကဌဖြစ်သူ စောခင်မောင်မြင့်က ယခုလို ပြောပါ  သည်။

“ အဲဒီအတွက်အခု တော်တော်လေးတော့ ကတိကအောက်ဖြစ်တယ်ခင်ဗျာ့။ ဘာဖြစ်လဲဆိုတော့ ပေးလိုက်တဲ့ ကာလအတိုင်းအတာလေးဟာ တော်တော်လေးကိုနဲတယ်။ တကယ်တော့ အဲဒီလောက် အထိတော့ မဖြစ် သင့်ဘူးပေါ့လေ။ ဒါပေမဲ့ သူတို့ပေးတဲ့ကာလမှာ အဖြစ်နိုင်ဆုံးဖြစ်အောင်တော့ လက်ရှိတော့ ကျိုးစားနေတယ်ပေါ့။ ဒီရွေးကောက်ပွဲကိုယ်စားလှယ်တွေကိုလဲဘဲ စိတ်ကြိုက်ရွေးချယ်ဖို့ ဟာ အချိန်မလုံလောက်ဘူး။ အဲဒီတော့ နီးစပ်ရာ ရသလောက်နဲ့ဘဲ တင်ပြရမဲ့သဘောရှိနေပါတယ်။ ပြည်နယ်လွှတ်တော်အဆင့် တစ်မြို့နယ်ကို နှစ်ယောက်၊ နှစ်ယောက်နှုန်းကို အဓိကထားပါတယ်။”

ယခုအချိန်တွင် ပါတီဝင်စည်းရုံးရေး ခရီးစဉ်ကို ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်  ကြီး၊ မြဝတီနှင့် ဖာပွန် စသည့် မြို့နယ်များတွင် ပြုလုပ်ပြီးစီးခဲ့ပြီး သံတောင်မြိုံ့နယ်တစ်ခုသာ ကျန်ရှိနေ သေးသည်ဟု ပြောပါသည်။ လက်ရှိအချိန်တွင် ပါတီအင်အားတစ်သောင်းရှိပြီဟုလည်း ပါတီဥက္ကဌ စောခင်မောင်မြင့်က ပြောပါသည်။ ပါတီစုံရွေးကောက်ပွဲပြုလုပ်သည့်အပေါ်တွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဥက္ကဌဖြစ်သူ စောခင်မောင်မြင့်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလိုပြောပါသည်။

“ ဘဏ္ဍရေးအပိုင်းကတော့ ပါတီအသစ်ထူထောင်တဲ့ပါတီမှန်သမျှကတော့ သိတဲ့အတိုင်းဘဲ အဲဒီအ ခက်အခဲ ရှိကြတာပေါ့။ အန်ကယ်တို့ကတော့ မူတစ်ခုချလိုက်တယ်လေ။ ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထည့်ဝင်ရမဲ့ ထည့်ဝင်ငွေငါးသိန်းကတော့ မိမိအစီ အစဉ်နဲ့ မိမိကျခံရမှာပေါ့။ ကျန်တဲ့အပိုင်းကတော့ ပါတီကလိုအပ်ရင် လိုအပ်သလို ပြန်ပြီးတော့ ပံ့ပိုးပေးမယ်လေ။”

ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီသည် တခြားစစ်အစိုးရနောက်ကြောထောက်ခံထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများကဲ့သို့ ငွေကြေး အင်အားမပြည့်စုံသည့် အတွက် ပါတီဝင်များနှင့် မိမိပါတီကိုထောက်ခံသည့် ကရင်အမျိုးသားများ၏ ကူညီထောက်ပံ့သည့်ငွေကြေးနှင့်သာ ချို့ချို့တဲ့တဲ့လှုပ်ရှားသွားရမည်ဟု ဦးစောခင်မောင်မြင့်က ပြောပါ သည်။ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ၏ စည်းရုံးရေးခရီးစဉ်အပေါ် ဒေသခံကရင်လူငယ်အဖွဲ့ဝင်တစ် ဦးဖြစ်သူ စောသိန်းထွန်းက ယခုလို မြင်ပါသည်။

“ ဒီရွေးကောက်ပွဲဟာပေါ့နော်၊ ဖလုံထဝေါ်ပါတီ (ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီ) ကလဲ သူတို့ဘယ်  လောက်ဘဲစည်းရုံးသည် ဖြစ်ဖြစ်ပေါ့နော် သူတို့မဲတွေ ဘယ်လောက်ဘဲနိုင်နိုင် အာဏာပိုင်တွေကဘဲ သေချာပေါက်နိုင်မှာတော့ သေချာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့နော် ဒီဖလုံ စဝေါ်ပါတီက သူတို့ဆန္ဒနယ်မြေကနေ အမတ်နေရာ နဲနဲရစေတော့ ကရင်လူထုအတွက်ကောင်း  တယ်ထင်တာဘဲ။ ကျန်တဲ့လူတွေကတော့ အဲဒီလောက်အထိ မျှော်လင့်ချက်မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တတွေဟာ အစိုးရရဲ့ ကြောထောက်နောက်ခံပါတီ ဖြစ်တဲ့ကြောင့်မို့ ထောက်ခံအားပေးလဲ မလိုလားပါဘူ့။”

ကရင်ပြည်နယ်အတွင်းတွင် ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ သည် ပါတီ စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိနေပါသည်။

ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ခွင့်ကို ပြီးခဲ့သည့် မေလ (၂၇)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံလျှောက်ထားခဲ့ပြီး ဇွန်လ(၄)ရက်နေ့တွင် မှတ်ပုံတင်အမှတ်(၃ဝ)နှင့် ပါတီတည်ထောင် ခွင့်ရရှိခဲ့သည့် ကရင်အမျိုးသားပါတီ တစ်ခုဖြစ်ပါသည်။

 


သတင်း သြဂုတ်-၂၀၁၀
သတင်း သြဂုတ်-၂၀၁၀


AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

ဗုံးထိမှန်နအဖတပ်သား ထိုင်းဆေးရုံ၌ခြေဖြတ်ခံ လိုက်ရပြီ

ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အားထပ်မံတောင်းဆို

လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့အခန်းအနားကို နေရာပြောင်းကျင်းပရ

ဒီကေဘီအေရဲဘော်များ ကေအန်ယူထံလာရောက်ပူးပေါင်း

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်

တစည (ခေါ် ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရေးမြို့နယ် အတွင်း မဲဆွယ်စည်းရုံး ရေးဆင်း

မလေးရှားရောက်မွန်လူငယ်များဦးစီးပြီး မွန်တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်မည်ဟုပြော

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

တင်းကြပ်သည့်ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေဆဲ

ဘုရားသုံးဆူနယ်စပ်မှစိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦး ထိုင်းရဲဖမ်းဆီးမိ

ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ

ပိုင်ရှင်မဲ့လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူအာဏာပိုင်များသိမ်းဆည်းရမိ

နိုင်အောင်နိုင်ကွယ်လွန်သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အလိုလိုပျက်စီးနိုင်

ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာကွယ်လွန်ခြင်းအခမ်းအနားများကျင်းပ

စစ်ခေါင်းဆောင်များခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

ဈေးကောင်းပေးဝယ်မှုကြောင့် သုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှုများလာ

ကရင်အပစ်ရပ်များ တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေပြီ

လုံခြုံရေးမပါသောနအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူသိမ်းယူဖျက်ဆီး

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views