အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
တိုင်းရင်းသား FM ရေဒီယို စတင်အသံလွှင့်တော့မည်
သတင်း

တိုင်းရင်းသား FM ရေဒီယို စတင်အသံလွှင့်တော့မည်

ကိုသိုက်၊ ကောင်းဝါ
ဧပြီ ၂၆၊၂၀၁၀။

တိုင်းရင်းသားဘာသာဖြင့်အသံလွှင့်မည့် FM ရေဒီယိုအစီအစဉ်ကို မေလ(၁)ရက်နေ့တွင် စတင်အသံ လွှင့်တော့မည်ဟု ရေဒီယိုတာဝန်ခံတစ်ဦးမှပြောပါသည်။ အဆိုပါရေဒီယိုအစီအစဉ်တွင် ဗမာဘာသာ၊ မွန်ဘာ သာနှင့် ကရင်ဘာသာဖြင့်အသံလွှင့်သွားမည်ဟုသိရပါသည်။

ယခင်ကအခြေအနေအကြောင်းကြောင်းကြောင့် ရေဒီယိုထုတ်လွှင့်မှုအစီအစဉ် ခေတ္တရပ်ဆိုင်းထားရ သော်လည်း ယခုအခါလိုအပ်ချက်များကို ပြင်ဆင်ပြီးစီး၍ ပြန်လည်ထုတ်လွှင့်တော့မည်ဟု အဆိုပါ ရေဒီယို တာဝန်ခံတစ်ဦးမှပြောပါသည်။

                 ကျွန်တော်တို့ရေဒီယိုအစီအစဉ်ကတော့ မွန်ဘာသာဆိုရင် နံက်(၈)နာရီကနေ (၈)နာရီခွဲတစ်ကြိမ် ညနေ(၄)နာရီကနေ (၄)နာရီခွဲတကြိမ်လွှင့်ပါမယ်။ကရင်ဘာသာကတော့ နံက်(၈)နာရီခွဲကနေ(၉)နာရီအထိ တစ်ကြိမ် ညနေ(၄)နာရီခွဲကနေ(၅)နာရီတစ်ကြိမ်လွှင့်ပါမယ်။
ဗမာအစီအစဉ်ကတော့ နံက်(၁ဝ)နာရီကနေ (၁ဝ)ခွဲအထိစ်ကြိမ် ညနေ(၆)နာရီကနေ(၆)နာရီခွဲအထိ
FM (88) မီဂါဟပ်ကနေထုတ်လွှင့်သွားမှာပါ။ တစ်ပါတ် ကို(၃)ရက်ပေါ့။ သောကြာ၊စနေ၊တနင်္ဂနွေရက်တွေမှာထုတ်လွှင့်သွားပါမယ်။ အရင်ကခေတ္တ ရပ်ဆိုင်းထားရတဲ့အတွက် ရေဒီယိုပရိသာတ်တွေကို အနူးအညွတ်တောင်းပန်ပါတယ်ဟု အဆိုပါရေဒီယို တာဝန်ခံ မှရှင်းပြပါသည်။

အဆိုပါရေဒီယိုအစီအစဉ်များကို မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းအထိ သက် ရောက်မှုရှိသည်ဟု ရေဒီယိုအဖွဲ့ဝင်များ၏ စစ်တမ်းကောက်ယူချက်အရသိရသည်။ ၄င်းတိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်ဖြစ်မြောက်ရေးအတွက် (FTUB) ခေါ် မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂများ အဖွဲ့ချုပ်မှ ကူညီပံ့ပိုးပေးခဲ့သည်ဟု တိုင်းရင်းသားဘာသာရေဒီယိုတာဝန်ခံမှပြောပါသည်။

 


သတင်း ဧပြီ ၂၀၁၀
သတင်း ဧပြီ ၂၀၁၀


မွန်ပြည်သစ်ပါတီအခြေခံဒေသတွင် စစ်အစိုးရတပ်မှပေါ်တာဖမ်းဆီးခြင်းပြုလုပ်ပြီး

မွန်ဒေသအနှံ့အပြားစိုးရိမ်ထိတ်လန့်နေပြီး နေရာပြောင်းရွေ့နေ

မွန်ရွာသား(၅ဝဝ)နီးပါး နယ်စပ်ဘက်ထွက်ပြေးတိမ်းရှောင်လာ

တိုင်းရင်းသား FM ရေဒီယို စတင်အသံလွှင့်တော့မည်

ရာနှင့်ချီသောတိမ်းရှောင်သူများ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းသို့ရောက်ရှိ

ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီမှ လက်မခံဟု စစ်အစိုးရကိုအကြောင်းပြန်

မွန်ပြည်သစ်ပါတီ အမြင့်ဆုံးတပ်လှန့်ထား

မွန်ပြည်သစ်ပါတီ၏ ထိမ်းချုပ်ဒေသရှိကျေးရွာသားများ ရှောင်တိမ်းနေ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မှတ်ပုံတင်တော့မည်

ရန်ကုန်သင်္ကြန်ဗုံး လက်သည်မဖော်နိုင်

ဧပြီလ(၂၂)နေ့နောက်ဆုံးထား၍ အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီအားတိုက်တွန်း

မွန်နိုင်ငံရေးပါတီသစ်တစ်ဖွဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်မည်

မွန်ပြည်သစ်တပ်တည်နေရာ၌ ဘုရားတည်ခြင်းသည် စစ်ရေးအရပစ်ကွင်းတစ်ခုဖြစ်နိုင်သည်ဟုဆို

ရွေးကောက်ပွဲမှတ်ပုံတင်ရန် ရတခတိုင်းမှူးမှ မွန်ပြည်သစ်ပါတီကိုတိုက်တွန်း

ရွေးကောက်ပွဲမဝင်၊ မွန်ပါတီသစ်မဖွဲ့

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views