အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မှတ်ပုံတင်တော့မည်
သတင်း

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မှတ်ပုံတင်တော့မည်

မင်းထက်အောင်၊ ကောင်းဝါ
ဧပြီ ၁၉၊၂၀၁၀။

မင်းထက်အောင်(ဧပြီ-၁၉)။     ။၂ဝ၁ဝ ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် နအဖစစ်အစိုးရထံ နိုင်ငံရေးပါတီမှတ်ပုံတင်နိုင်ရန် မော်လမြိုင်မြို့၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဧပြီလတတိယအပါတ်တွင်အစည်းအဝေးကျင်းပမည်ဟု ကော်မီတီဝင်တစ်ဦးမှပြောပါသည်။

ကောင်းဝါသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် “လောလောဆယ်ဆယ်တော့ ကော်မီတီဝင် (၂၅)ဦးကို ပဏာမရွေးချယ်ထားပြီးဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်မှာ စာရင်းတင်ဖို့ ကော်မီတီ(၁၅)ဦးကို ဒီလာမယ့်အစည်းအဝေးမှာ ပြန်လည်ရွေးချယ်ပြီး စာရင်းတင်သွားမယ်”ဟု တစ်ဦးတည်းသော ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမင်းနွယ်စိုး ပြောကြားခဲ့သည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မှတ်ပုံတင်ရေး ယနေ့အထူးအစည်းအဝေးကျင်းပနေသည့်အတွက် ၄င်းပါတီမှပုဂ္ဂိုလ်များ ဖုန်းပိတ်ထားကြသဖြင့် မည်သူများပါဝင်နေသည်ကို စာရင်းအတိအကျ မရရှိသေးပေ။

အဆိုပါ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား အငြိမ်းစားပြည်နယ်ပညာရေးမှူး နိုင်ငွေသိန်း(နိုင်ဂျနူမွန်-မွန်တေးရေးဆရာ)ဦးဆောင်နေပြီး အငြိမ်းစားပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမင်းနွယ်စိုးမှာ တစ်ဦးတည်းသော ပါတီပြောခွင့်ရပုဂ္ဂိုလ်ဟု သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ၂၀၁၀ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ထို့အတူ ဧပြီလ(၇)ရက်နေ့တွင် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အား စရဖအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရတခ၌တွေ့ဆုံခဲ့ကြစဉ် အဆိုပါဒေါက်တာမင်းနွယ်စိုးတို့ပါဝင်သော (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ) အား ၄င်းတို့ထောက်ခံသည်ဟု မွန်ပြည်သစ်ပါတီကို ပြောကြားခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။။
 


သတင်း ဧပြီ ၂၀၁၀
သတင်း ဧပြီ ၂၀၁၀


မွန်ပြည်သစ်ပါတီအခြေခံဒေသတွင် စစ်အစိုးရတပ်မှပေါ်တာဖမ်းဆီးခြင်းပြုလုပ်ပြီး

မွန်ဒေသအနှံ့အပြားစိုးရိမ်ထိတ်လန့်နေပြီး နေရာပြောင်းရွေ့နေ

မွန်ရွာသား(၅ဝဝ)နီးပါး နယ်စပ်ဘက်ထွက်ပြေးတိမ်းရှောင်လာ

တိုင်းရင်းသား FM ရေဒီယို စတင်အသံလွှင့်တော့မည်

ရာနှင့်ချီသောတိမ်းရှောင်သူများ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းသို့ရောက်ရှိ

ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီမှ လက်မခံဟု စစ်အစိုးရကိုအကြောင်းပြန်

မွန်ပြည်သစ်ပါတီ အမြင့်ဆုံးတပ်လှန့်ထား

မွန်ပြည်သစ်ပါတီ၏ ထိမ်းချုပ်ဒေသရှိကျေးရွာသားများ ရှောင်တိမ်းနေ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မှတ်ပုံတင်တော့မည်

ရန်ကုန်သင်္ကြန်ဗုံး လက်သည်မဖော်နိုင်

ဧပြီလ(၂၂)နေ့နောက်ဆုံးထား၍ အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီအားတိုက်တွန်း

မွန်နိုင်ငံရေးပါတီသစ်တစ်ဖွဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်မည်

မွန်ပြည်သစ်တပ်တည်နေရာ၌ ဘုရားတည်ခြင်းသည် စစ်ရေးအရပစ်ကွင်းတစ်ခုဖြစ်နိုင်သည်ဟုဆို

ရွေးကောက်ပွဲမှတ်ပုံတင်ရန် ရတခတိုင်းမှူးမှ မွန်ပြည်သစ်ပါတီကိုတိုက်တွန်း

ရွေးကောက်ပွဲမဝင်၊ မွန်ပါတီသစ်မဖွဲ့

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views