အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ
သတင်း

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ကွန်းအိန်
ဇန်နဝါရီ ၉ ၊၂၀၁၀။

ကွန်းအိန်(ဇန်နဝါရီ- ၉)။    ။ မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်း တနသာင်္ရီမြို့နယ်အတွင်းမှာ အခြေချသည့် စကခ(၂ဝ)  ကွပ်ကဲမှုလက်အောက်ခံတပ်ရင်းမှ ရှေ့တန်းစစ်စခန်းများသို့ ရိက္ခာသယ်ဆောင်ရန်အတွက် ဒီဇင်ဘာ လကုန်ခန့်တွင် သိန္နောကျေးရွာအကျဉ်းစခန်းမှ အကျဉ်းကျရဲဘက်(၄ဝဝ)လောက်ကို ပေါ်တာအဖြစ်ဆွဲခေါ်ခဲ့ပါ သည်။

အဆိုပါရဲဘက်အကျဉ်းသားများ အခုအထိ ဌာနေအကျဉ်းစခန်းကိုပြန်ရောက်လာခြင်းမရှိသေးဟု ဒေသခံတွေက ပြောပါသည်။ ၄င်းတပ်ရိက္ခာများကို တနသာင်္ရီမြို့နယ် နယ်စပ်တပ်စခန်းဖြစ်သည့် မောတောင်တပ်စခန်းနှင့် ကမာ ပလောတပ်စခန်းကို သယ်ဆောင်ပေးရသည်ဟုဆိုပါသည်။ ဒီဖြစ်စဉ်တွေကို လေ့လာစုံစမ်းထားသည့် ဒေသခံထား ဝယ်လူငယ်အစည်းအရုံးမှ တာဝန်ခံတစ်ဦးဖြစ်သည့် ကိုဗထူးလေးက အခုလိုပြောပြပါသည်။

“ ဒီဇင်ဘာလနောက်ဆုးံပတ်မှာဆိုရင် သိန္နောရဲဘက်စခန်းကနေပြီးတော့ ခလရ(၂၅)ရယ်၊ ခမရ (၅၉၇)ရယ်၊ အဲဒီ တပ်ရင်း(၂)ရင်းကနေပြီးတော့ နယ်စပ်မောတောင်စခန်းနဲ့ ကမာပလောတွေရိက္ခာပို့စေပြီးတော့ ခေါ်လာတာပေါ့ နော်။ ရဲဘက်အင်းအားအကုန်လုံးက (၄ဝဝ)ကျော်ကျော်လောက်ရှိမယ်။ သူတို့ကဆိုရင် ရဲဘက်လုပ်အားအပြင် ကိုယ့်ပေါ်တာပါလိုက်နေရတယ်ဆိုတော့ သူတို့အတွက်အခက်အခဲ အများကြီးရှိတာပေါ့။ ဒီဘက်ကနယ်စပ်မြို့ကနေ ပြီးတော့ ဒီကနေတပ်စခန်းချထားတာမောတောင်၊ မောတောင်မြို့နယ်ခွဲမှာရယ် ကမာပလောစခန်းဟောင်းပေါ့နော် အရင်က ဒီဂျော်နီတို့နေသွားတဲ့ စခန်းဟောင်းရယ် အဲဒီဘက်မှာရှိတဲ့ တပ်စခန်းတွေကို သူတို့နွေရာသီဆိုရင် သူတို့ ကိုတပ်ရိက္ခာပို့ရတယ်။ အဲဒီနယ်စပ်တပ်တကျောလုံးမှာ တပ်စခန်းတွေ အများကြီးရှိတယ်။ သူတို့လုပ်ထုံးလုပ်နည်း ကဆိုရင် နွေရာသီ(၆)လစာရိက္ခာပို့ရတယ်။ မိုးတွင်းသိုလှောင်တာတို့ဆိုရင် အဲဒီဘက်မှာအဓိကသုံးတာတော့ အခု ဆိုရင် အဲဒီရဲဘက်(၄ဝဝ)ကျော်ခေါ်လာ တာလည်း အဲဒီရိက္ခာသယ်ပို့နဲ့ ကျန်တဲ့ဒီတပ်တည်ဆောက်ရေးလုပ်ငန်း တွေ စခန်းပြုပြင်ဖို့အတွက် ခေါ်လာတယ်လို့ ကျွန်တော်တို့သိရတယ် ”

တနသာင်္ရီမြို့နယ်အတွင်းမှာဆိုလျှင် ကေအာန်ယူတပ်မဟာ(၄)ကတပ်ဖွဲ့နှင့် အခြားသောလက်နက်ကိုင် တပ်ဖွဲ့ငယ် များ လှုပ်ရှားနေသောနယ်မြေ ဖြစ်ပါသည်။ ၄င်းတပ်ဖွဲ့များကို ထိုးစစ်ဆင်ရန်အတွက် နှစ်တိုင်းလိုလို အခုလိုပွင့်လင်း ရာသီတွင် ရိက္ခာစုဆောင်းလေ့ရှိတယ်လို့ ဆိုပါသည်။ တနသာင်္ရီမြို့နယ်ရှိသိန္နောကျေးရွာတွင် ရဲဘက်အကျဉ်းစခန်း တခုရှိပါသည်။ အဆိုပါအကျဉ်းသားများကို အခုလိုပွင့်လင်းရာသီတိုင်း တပ်ရိက္ခာသယ်ဆောင်ဖို့ လုပ်အားပေးစေ ခိုင်းလေ့ရှိပါသည်။ ၄င်းဖြစ်စဉ်နှင့်ပက်သက်၍ ကိုဗထူးလေးက “ အဲဒီအကျဉ်းသားတွေကို အတင်းအဓမ္မလုပ်အား ပေးစေခိုင်းနေတာဟာ သူတို့ကို ထပ်ဆင့်နှစ်ခါအပစ်ဒါဏ်ပေးနေသလိုပါဘဲလို့ စစ်ဆင်ရေးတစ်ခုလုပ်ပြီးဆိုရင် ရဲဘော်ရဲဘက်တွေပါပြီး ရဲဘက်တွေပါပြီး စစ်ဆင်ရေးမှာသေသွားရင်လည်း ဒီရဲဘက် အတွက်ဘာမှခံစားခွင့်မရှိ ဘူး။ ရပိုင်ခွင့်လည်းမရှိဘူး။ သူအတွက်အသက်ဆုံးရှူံးသွားမတာ တစ်ခုပဲအဖတ်တင်တယ်ဟု ” ပြောပါတယ်။

တနသာင်္ရီမြို့နယ်အတွင်းမှာရှိသည့် ကျေးရွာတွေမှာ လမ်းပမ်းဆက်သွယ်ရေးညံ့ဖျင်းပြီး ကေအန်ယူတပ်မဟာ(၄) အပြင် တခြားလက်နက်ကိုင်အဖွဲ့တွေလည်း အခါအားလျော်စွာ ဝင်ထွက်လှုပ်ရှားနေတယ်ဟု ဆိုပါသည်။

(၁၉၉၇)ခုနှစ်ဖေဖေါ်ဝါရီလတွင် ဗမာ့တပ်မတော်ကနေ ကေအာန်ယူတပ်မဟာ(၄)ဌာနချုပ်နှင့် မြိတ်ထားဝယ်ခရိုင် စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တဲ့အတွက် “မင်းသမီး” စခန်းအပါအဝင် တပ်မဟာ(၄)ကွပ်ကဲမှုအောက် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ အဆိုပါထိုးစစ်များကြောင့် စစ်ဆင်ရေးဧရိယာမှာ ကျရောက်နေ သည့် ထားဝယ်ခရိုင်အရှေ့ဘက်နယ်စပ်ဒေသ ကျေးရွာများကိုလည်း စစ်တပ်က နေရာရွှေ့ပြောင်းပစ်ခဲ့သဖြင့် အခုတိုင်မူရင်းကျေးရွာများမှာ ပြန်လည်နေထိုင်ခွင့်မရရှိသေးပါ။

စစ်ဆင်ရေးလမ်းကြောင်းတလျှောက်တွင် ရှိသည့်ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံရွာသားများ အနေနှင့် ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်မှာ ပမာဏများပြားနေသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများက ပြောပါသည်။


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views