အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ
သတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ဟောင်းဂျနူ
ဇန်နဝါရီ ၇ ၊၂၀၁၀။

ကောင်းဝါ(ဇန်နဝါရီ- ၇)။    ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  မြန်မာနိုင်ငံမှထွက်ရှိသော လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ် ငွေ့ဝယ်ယူနိုင်ရန် ကမ်းလှမ်းနေကြောင်းပြည်တွင်းထုတ်ဂျာနယ်များမှ ဖော်ပြထားချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးအတွင်းဝန်မစ္စတာမိုဟာမက်မိဂျဘူ ခေါင်းဆောင်သော အဖွဲ့နှင့်နှစ်နိုင်ငံကြား ပြဿနာ များအား ဒါကာမြို့တွင် ဆွေးနွေးခဲ့သည်။ နှစ်ရက်ကြာဆွေးနွေးခဲ့သော ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင် ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေပိုင်နက်ဆိုင်ရာကိစ္စရပ်များနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်မှုကိစ္စရပ်များ ပါဝင်ခဲ့ ကြောင်း အဆိုပါဂျာနယ်များမှ ရေးသားဖေါ်ပြခဲ့သည်။

အလားတူပင် ကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးများ၊ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကာလ တိုးမြှင့်ရေး၊ ခရီးသွားလာနိုင်ခွင့် ကန့်သတ်မှုများကိုလည်း ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေးတွင် ကုန်သည်များအတွက် ဗီဇာသက်တမ်းကို ၁၄ ရက်အထိသာ သတ်မှတ်ထားသောကြောင့် ယခုထက်ပို၍ သတ်မှတ်ပေးရန်နှင့် ဆက်သွယ် ရေးတွင် တရုတ်နိုင်ငံအထိပေါက်သည့် စစ်တကောင်း၊ ကူမင်းတိုက်ရိုက်လမ်းမကြီး ဆောက်လုပ်ရေးကိစ္စနှင့် ကမ်း ရိုးတန်းတစ်လျှောက် ရေကြောင်းခရီးလမ်းမှ ဆက်သွယ်နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း ဖေါ်ပြပါရှိပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိနေ့စဉ် လျှပ်စစ်ဓာတ်ထုတ်လုပ်မှုပမာဏမှာ မဂ္ဂါဝပ် ၃၈ဝဝ သာ ရှိပြီးနောက်ထပ် လျှပ် စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၁၂ဝဝ မှ ၁၅ဝဝ အထိလိုအပ်နေဆဲဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ဝယ်ယူရန် ခြေဦး လှည့်လာသည်ဟုဆိုပါသည်။

မြန်မာစစ်အစိုးရသည် တိုင်းပြည်မှထွက်သော မြေပေါ်မြေအောက်သယံဇာတများကို ပြည်တွင်းအတွက် အသုံးပြုမှု အလျှင်းမရှိဘဲ စစ်တပ်၏အကျိုးစီးပွါးအတွက်သာ တခြားနိုင်ငံများသို့ ရောင်းဝယ်မှုပြုခဲ့ကြသည်။ ထွက်ရှိသမျှ လျှပ် စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့တို့ကိုလည်း ထိုင်းတရုတ်အစရှိသည့်နိုင်ငံများသို့ ရောင်းချခဲ့ကြသည်။ ပြည်တွင်း အတွက်သုံးစွဲမှုအလွန်နည်းပါးသဖြင့် လျှပ်စစ်မီးမလုံလောက်မှုပြဿနာများ အစဉ်ရှိနေပေသည်။ ခေတ်မီ ဖွံ့ဖြိုးတိုး တက်သောနိုင်ငံတော်ကိုတည်ဆောက်မည်ဟု ကြွေးကျော်ထားသော်လည်း လျှပ်စစ်မီးပုံမှန်မရသောကြောင့်တခြား စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိဟု စက်မှုလုပ်ငန်းရှင် များမှပြောဆိုခဲ့ပါသည်။

ထို့အပြင် သဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် အစိုးရမှ ဒေသခံများ၏လယ်ယာခြံမြေများကို လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့ယုံသာမက လမ်းဖေါက်လုပ်ရေးတွေမှာအတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းခံခဲ့ရသည်ဟု လူ့အခွင့် အရေး အဖွဲ့အစည်းတခုဖြစ်သော  Earth Rights International (ERI) က မြန်မာပြည် စီမံကိန်းဆိုင် ရာတာဝန်ခံ နိုင်ထူးက ယခုလိုပြောပြခဲ့ပါသည်။

“ ကျွန်တော်တို့မြင်တာက အဲဒီလိုစီမံကိန်းလုပ်တဲ့အချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်တဲ့အချိန်မှာ ရွာသူရွာ သားတွေကို အကျိုးပြုရမယ့်ဟာက အခုဟာက ရွာသူရွာသားတွေလည်းအကျိုးမဖြစ်ဘူး။ သူတို့ကိုယ်၌ကိုယ်က အိုးမဲ့အိမ်မဲ့တွေဖြစ်ခဲ့ရတယ်။ သူတို့ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်ပေါ့နော်။ တခြားနေရာတွေကို ထွက်ပြေးပြီးတော့  ဒုက္ခသည်လိုမျိုးနေခဲ့ရတယ်။ အရင်တုန်းက မြေရှိယာရှိဖြစ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းကျတော့ ဒီလူတွေက မြေမရှိ ယာမရှိဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့မြင်တာကဒီလိုမျိုးဖွံ့ဖြိုးတိုးတက်မှုလုပ်နေတယ်ဆိုတာက ပြည်သူပြည်သားတွေ အတွက်အကျိုး ဖြစ်မယ့်ဟာတွေကိုပဲ ဖြစ်စေချင်တယ်လေ။ ပြည်သူပြည်သားတွေဒုက္ခရောက်ဖို့ ကျွန်တော်တို့မမြင် စေချင်ဘူး ”

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနေရာသိမ်းဆည်းခံ ရွာသားအချို့သည် လယ်မြေဆုံရှုံးမှုများနှင့် ပက်သက်ပြီး UNOCAL ကုမ္ပဏီကို အမေရိကန်နိုင်ငံတရားရုံးတွင် တရားစွဲဆိုခဲ့သည့်အတွက် ၂ဝဝ၅ ခုနှစ်တွင် ကုမ္ပဏီကနေ အမှုကိုကြေး အေးပေးရန်တောင်းဆိုခဲ့ပြီး  အလုပ်သမားများတချို့၏ ဆုံးရှုံးမှုများအတွက် နစ်နာကြေးကို ပေးခဲ့ရသည်ဟုဆို သော်လည်း လူနည်းစုကသာ လျော်ကြေးငွေတွေပြန်ရပြီး လူများစုက အဆိုပါလျော်ကြေး ငွေများကိုမရရှိခဲ့ဟု  (ERI)က မြန်မာပြည်စီမံကိန်းဆိုင်ရာ တာဝန်ခံနိုင်ထူးပြောပြချက်အရ သိရပါသည်။


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views