အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ
သတင်း

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

နိုင်ပွန်းဟာန်
ဇန်နဝါရီ ၇ ၊၂၀၁၀။

ကောင်းဝါ(ဇန်နဝါရီ- ၇)။    ။ တနသာင်္ရီတိုင်းရေဖြူမြို့နယ်အတွင်းရှိ ကန်ပေါက်သတ္တုတွင်းကို အမှတ်(၂) သတ္တု တွင်းဝန်ကြီးဌာနနှင့် DELCO ကုမ္ပဏီလီမီတက်တို့မှ သတ္တုတွင်းတူးဖေါ်ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ် ဖြင့် ဇန်နဝါရီ(၅)ရက်နေ့တွင် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာနအစည်းအဝေးခန်းမမှာ သဘောတူစာချုပ်ချုပ် ဆိုခဲ့သည်ဟု စစ်အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ဥက္ကဌ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်းနှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်တို့ တက်ရောက်ကြပြီး ဌာန ဆိုင်ရာအကြီးအကဲများ DELCO ကုမ္ပဏီလီမီတက် မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဦးနှင့် အမှုဆောင်ဦးဒိန်ယိန်းတို့ လည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။

ဤကန်ပေါက်သတ္တုတွင်းသည် အစိုးရပိုင်အဖြစ်သတ်မှတ်ထားသော်လည်း ယခင်ကဆိုလျှင်သတ္တုတွင်းဝန်ကြီး ဌာနမှ တူးဖေါ်ထုတ်လုပ်မှုမရှိခဲ့ဟု ဆိုပါသည်။

အဆိုပါနယ်မြေခံ ပုဂ္ဂလိကလုပ်ငန်းရှင်မျှသာ ကန်ထရိုက်စံနစ်ဖြင့် သတ္တုမိုင်းကို တပိုင်တနိုင်စုပေါင်းတူးဖေါ်ထုတ် လုပ်နေကြသည်ဟု ဒေသခံတစ်ဦးက အခုလို ပြောပြခဲ့ပါသည်။

“ ကံပေါက်သတ္တုတွင်းက အရင်တုန်းကဆိုရင် လူထုကိုယ်တိုင်လုပ်ပြီးတော့ လူထူကိုယ်တိုင်အကျိုးအမြတ် ခံစားရ တာပဲ။ လက်ရှိအနေအထားမှာဆိုရင် DELCO ကုမ္ပဏီနဲ့ဒီသတ္တုတွင်းဝန်ကြီးဌာန ပေါင်းပြီးလုပ်တဲ့ အနေအထား မှာဆိုလို့ရှိရင် လူထုတွေက သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို အစိုးရနဲ့ DELCO ကုမ္ပဏီလက်ထဲ ထိုးအပ်လိုက်ရပုံစံမျိုးဖြစ် မှာပဲ။ အဲဒါဆိုရင် သူတို့ရဲ့ဆုံးရှုံးနစ်နာမှုဆိုရင် သူတို့ဟိုးဘိုးဘွားဘီဘင်လက်ထက်ကတည်းက လုပ်လာတဲ့ ဒီမိုင်း လုပ်ငန်းဆိုတာ ဘာဖြစ်လို့လဲဆိုတော့ တနိုင်တပိုင်ပေါ့နော်။ ကိုယ်တူးရင်ကိုယ်ရမယ်၊ မတူးရင်ကိုယ်မရဘူး။လက်ရှိ အနေအထားမှာ DELCO ကုမ္ပဏီနဲ့ ဒီသတ္တုတွင်းဝန်ကြီးဌာနကလက်ဝါးကြီး အုပ်ပြီးဆိုရင် တူးလို့လည်းမရတော့ ဘူး။ လုပ်လို့လည်းမရတော့ဘူး။ သူတို့လုပ်ပိုင်ခွင့်လည်း မရှိဘူးဆိုတော့ လူထုအခက်အခဲက အများကြီးရှိလာနေ တယ် ” ဟုပြောသည်။

အဆိုပါဒေသတွင် အစိုးရနှင့်ကုမ္ပဏီလီမီတက်တို့ပူးပေါင်းပြီး သတ္တုမိုင်းတူးဖေါ်သောလုပ်ငန်း ပေါ်လာခဲ့သော်လည်း ယင်းဒေသခံများအတွက် ကောင်းကျိုးထက်ဆိုးကျိုးသာခံစားနေရသည်ဟု ဒေသခံတစ်ဦးက ဆက်ပြော ပါသည်။
ဒီသတ္တုမိုင်းတို့သစ်တောတို့ဆိုတာ ကျွန်တော်တို့အတွက် အကျိုးအမြတ် ရှိလားဆိုရင်တော့ ကောင်းကျိုးကတော့ ရာခိုင်နှုံးအားဖြင့်တွက်လိုက်လျှင် ၂၅ရာခိုင်နှုံးပဲ။ ၇၅ ရာခိုင်နှုံးကတော့ ဒီစစ်အစိုးရနဲ့ ဒီကုမ္ပဏီတွေရဲ့ ကောင်းကျိုး ပဲဖြစ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၅ ရာခိုင်နှုံးဆိုတာက ဒီသတ္တုမိုင်းလုပ်တယ်ဆိုပေမယ့် လူအားနဲ့လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ဒေသခံတွေကလုပ်ရတယ်။ ဒီစက်ပစ္စည်း ယန္တရားနဲ့လုပ်ရမယ့်အနေအထားတွေ အကျိုး အမြတ်ဆိုရင်လည်း ရှားပါးတယ်။ အဲဒီကြားထဲမှာဆိုရင် အဲဒီမိုင်းလုံခြုံရေးတို့၊ သစ်တောလုံခြုံရေးတို့ တခါ ပေါ်တာ လိုက်ရတာတို့၊ ဒီအကောက်ခွန်ပေးရတာတို့ ပြီးတော့ ဒီစစ်စခန်းတွေတည်ဆောက်တာတို့ဆိုလည်း အမြဲတမ်းလိုလို ဖြစ်နေတယ်ဆိုတော့ ရှင်းရှင်းပြောရရင် ဒီရာခိုင်နှုံးအားဖြင့်တွက်ရင်တော့ ကျွန်တော်လူထုအတွက် အကျိုးအမြတ်ရ လဒ်ကတော့ ဘာမှမရှိဘူ့း။

ယခုလို သတ္တုမိုင်းတူးဖေါ်သည့်နေရာတွင် စစ်တပ်က လုံခြုံရေးယူနေရသောကြောင့် ဒေသခံများအနေနှင့် လူ့အခွင့် အရေးချိုးဖေါက်မှာ နေ့စဉ်နဲ့အမျှတွေ့ကြုံနေကြရသကဲ့သို့ စစ်တပ်မှဦးဆောင်ပြီး သစ်ပင်သစ်တောခုတ်လှဲမှု ပိုမိုများ ပြားလာသောကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာပျက်စီးမှုရှိလာသည်ဟု ဆိုပါသည်။

နအဖစစ်အစိုးရသည် ပြည်တွင်း၌ရှိသည့်မြေပေါ်မြေအောက် သယံဇာတများကို တိုင်းပြည်အတွက် အသုံးပြုခြင်း မရှိဘဲ စစ်တပ်၏အကျိုးစီးပွါးအတွက် တခြားသောနိုင်ငံများကို ရောင်းဝယ်မှုပြုခဲ့သည်။ လွတ်လပ်သည့်ဈေးကွက် စီးပွါးရေးစံနစ်ဖေါ်ဆောင်နေသည်ဟုဆိုသော်လည်း အဓိကနေရာတွင် စစ်တပ်မှကြိုးကိုင်ထားပါသည်။

ယခုလိုစစ်တပ်မှ ဦးဆောင်အကောင်အထည်ဖေါ်နေသောကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းမှု မရှိသည့်အပြင် အဆိုပါ ဒေသခံများလည်း လူ့အခွင့်အရေးချိုးဖေါက်မှု ပိုပြီးခံစားနေရသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါသည်၊


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views