အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်
သတင်း

မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

ဆူးပန်း
ဇန်နဝါရီ ၂၇၊၂၀၁၀။

ဆူးပန်း(ဇန်နဝါရီ- ၂၇)။    ။ဒုဗိုလ်မှူးကြီးတင်မောင်မောင်ဦးစီးသော ခမရ(၄ဝ၇)တပ်ရင်းမှ စစ်အင်အား(၅ဝ) ခန့်သည် အပစ်ရပ်အဖွဲ့တခုဖြစ်သည့် မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာဖြစ်သော ဘုရားသုံးဆူမြို့နယ် တဒိန်ကျေး ရွာတွင် အခြေပြုတပ်စွဲထားသည်မှာ တစ်လကျော်ရှိနေပြီးဖြစ်သည်။ ၄င်းတပ်ဖွဲ့အနေနှင့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ ခရီးသည်တင်ကားများအပေါ်တွင် အကောက်ငွေများကောက်ခံခြင်း ရွာသားများ၏ ပစ္စည်းများကို ခိုးဝှက်ခြင်း မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်ရေးယန္တယားများပျက်ပြားအောင် လုပ်ဆောင်နေသည်ဟု  ဒေသခံ များမှပြောပါသည်။
 
ထို့အပြင် တဒိန်ရွာ၌နေစဉ်အတွင်း ဒေသအတွင်းမွန်ပြည်သစ်ပါတီ၏လှုပ်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့် နေသည်ဟုဆို၏။ ၄င်းစစ်ကြောင်း၏တာဝန်မှာ ချောင်းဆုံကျေးရွာမှ တောင်စွန်းကျေးရွာအထိ စစ်ဆင်ရေးဧရိယာ ဂွင်တွင် လှုပ်ရှားရမည်ဖြစ်သော်လည်း ယခုလိုတနေရာတည်း၌ အခြေပြုနေခြင်းသည် ထူးခြားမှုတခုဖြစ်သည်ဟု ဆိုသည်။ အဆိုပါရွာတွင်နေစဉ်အတွင်း ရွာသားများ၏ပစ္စည်းများကို တပ်သားများမှ ခိုးဝှက်နေကြောင်း ဒေသခံရွာ သားတစ်ဦးမှ အခုလိုပြောပါသည်။
 
ဒီစစ်သားတွေကတရားလွန်တယ်ဗျာ။ ဒါးတို့ပုဆိန်တို့ကအစခိုးတယ်။ ပြီးတော့မွေးထားတဲ့ ကြက်တွေ ဘဲတွေလဲခိုးတယ်။ ကြက်တွေဆိုယင် ခြုံကွယ်တာနဲ့ပျောက်သွားတာဘဲ။ ညညဆိုအရမ်းသတိထားနေ ရတယ်။ စိတ်ချလက်ချမအိပ်ရတော့ဘူး။
         
နအဖတပ်များ တဒိန်ရွာတွင် စခမ်းချနေစဉ်အတွင်း ဒေသခံရွာသူများအပေါ် ထိကပါးရိကပါး ပြုမူနေသည့်သတင်း ပေါ်လာသောကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် အမျိုးသားများမှာ မိမိတို့၏ မိသားစုအန္တရာယ်အတွက် စိုးရိမ်ကာ ရွာသို့ပြန်လာခဲ့ရသည်ဟု ရွာသားမင်းဗလိုင်မွန်မှ ယခုလိုပြောပါသည်။
         
သူတို့ကစည်းစောင့်တဲ့သူတွေမဟုတ်ဘူး။ ကိုယ်မရှိယင်ကိုယ့်မိန်းမကနေ သူ့မိန်းမဖြစ်သွားနိုင်တယ်။ မိန်းမနဲ့ပက်သက်ပြီးတော့ သူတို့အရေးယူတာမရှိဘူး။ ကြုံရာမှာတပွဲတိုးယူအချိန်ကျလို့ တပ်ရင်းကို ပြန်ယင် ဒီအတိုင်းဘဲပစ်ထားတယ်။ ကျွန်တော်တို့အယင်နေတဲ့ရွာတွေမှာတွေ့ဘူးတယ်။

         
ထို့အပြင် မွန်ပြည်သစ်ပါတီ၏ နယ်မြေဒေသအုပ်ချုပ်ရေးအခြေအနေများ ပျက်ပြားအောင်အဖွဲ့ အစည်းများ၏ ဖွဲ့စည်းပုံများကို စုံစမ်းပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအပေါ် ဖိအားပေးဆောင်ရွက်နေကြောင်း ပါတီဝင်တစ်ဦး မှပြောပါသည်။
         
ပြီးခဲ့သည့်ဇန္နာဝါရီဒုတိယအပါတ်လောက်တွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုဌာနချုပ်အနီးဝန်းကျင်ရှိ သုဝဏ္ဏဘုမ္မိရွာကို တနသာင်္ရီတိုင်းရေဖြူမြို့နယ်အခြေစိုက်  ခမရ(၂၈၂)မှ ကျူးကျော်ဝင်ရောက်လာခဲ့ပါသည်။ ယခင်ကမွန်ပြည်သစ် ဌာနဝန်းကျင်တွင် မလာဘူးသည့်အတွက် ယခုလိုနအဖတပ်ဖွဲ့များ ဝင်ရောက်လာခြင်းသည် စစ်ရေးအရထူးခြား မှုတခုဖြစ်နေသည်ဟု မွန်ပြည်သစ်ပါတီအလယ်အလတ်ခေါင်းဆောင်တစ်ဦးမှ ဆိုပါသည်။

ယခုလို မွန်ပြည်သစ်ပါတီနယ်မြေအတွင်း နအဖစစ်တပ်များ ကျူးကျော်ဝင်ရောက်လာခြင်းသည်  မွန်ပြည်သစ်ပါတီ ကို စိတ်မချရသည့် အပစ်ရပ်အဖွဲ့အဖြစ် သဘောထားနေသည်ဖြစ်နိုင်ကြောင်း မွန်စစ်ရေးအကဲခတ်သူများမှ ဆိုပါ သည်။


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views