အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်
သတင်း

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မင်းထက်အောင်
ဇန်နဝါရီ ၂၂၊၂၀၁၀။

မင်းထက်အောင်(ဇန်နဝါရီ- ၂၂)။    ။ နေရပ်သို့ပြန်သည့် ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းအလုပ်သမား ၂၇ ဦးကို တင်ဆောင်လာသည့်ကားတစ်စီး ယမန်နေ့နံနက်စောစောပိုင်းက စံခလပူရီမြို့အနီး တောင်ခြေ၌တိမ်းမှောက်ခဲ့ရာ အားလုံးကိုဆေးရုံသို့ ပို့ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်။

၎င်းအဖြစ်အပျက်တွင် လူအသေအပျောက်များ မဖြစ်ပေါ်ခဲ့သော်လည်း စံခလပူရီဆေးရုံ၌ အတွင်းလူနာအဖြစ် ၇ ဦးတက်ရောက်ကုသခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုင်းလဝကတစ်ဦးလည်း အထုပ်အပိုးများနှင့်ပိမိခဲ့သောကြောင့် ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သည်ဟု သိရသည်။ သို့သော် အသက်အန္တရယ် စိုးရိမ်ဖွယ်မရှိဟု ဆေးဝန်ထမ်းများ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်တွင် မိန်းခလေးများနှင့် ငါးနှစ်ဝန်းကျင်ခလေးအချို့လည်းပါဝင်သည်ကို တွေ့ရှိခဲ့ရပြီး အတွင်းလူနာအဖြစ်ကုသခြင်းမခံရသူများကို ဘုရားသုံးဆူနယ်စပ်အထိ ထိုင်းအာဏာပိုင်တို့ ဆက်လက်ပို့ဆောင်လိုက်သည်ဟု သိရသည်။

အများစုမှာ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်မြို့နယ်မှ တံငါလုပ်သားမိသားစုများဖြစ်ကြကာ နေရပ်ပြန်ရန် ထိုင်းလဝကတို့အား တစ်ဦးလျှင် ထောက်ခံစာအပါအဝင် ပို့ဆောင်ခအတွက် ထိုင်းဘတ်ငွေလေးထောင့်ငါးရာ ပေးဆောင်ခဲ့ရသည်ဟု လိုက်ပါခဲ့သူ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းရွာသားတစ်ဦးက ပြောပြပါသည်။
သူ့အပြောအရ “တောင်ပေါ်အတက်လမ်းတစ်ဝက်မှာ ဒရိုင်ဘာဂီယာထပ်ချိန်းတာမဝင်လို့ နောက်ပြန်ဆုတ်ပြီး ကျသွားတာပါ” ဟု သိရသည်။

ယင်းဆယ်ဘီးကား ဒရိုင်ဘာဖြစ်သူကို စံခလပူရီရဲစခန်းသို့ ထိုင်းရဲများဖမ်းဆီး ခေါ်ဆောင်သွားသည်။
မျက်မြင်များအဆိုအရ ယခုအခေါက်တွင် နေရပ်ပြန်မည့်သူများအား ပို့ဆောင်ပေးခဲ့သည့် ကားသုံးစီးထက်မနည်း ယမန်နေ့မနက်တွင် မြင်တွေ့ခဲ့ကြသည်။
ယင်းအလုပ်သမား အများစုမှာ မွန်ပြည်နယ်ဖက်သို့ နေရပ်ပြန်ကြသည့် မွန်များဖြစ်ကြသည်။


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views