အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ
သတင်း

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

မင်းထက်အောင်
ဇန်နဝါရီ ၂၀၊၂၀၁၀။

မင်းထက်အောင် (ဇန်နဝါရီ-၂၀)။    ။ စစ်အစိုးရတောင်းဆိုနေသော နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စအား လက်မခံ ငြင်းပယ်နေသည့် အပစ်ရပ်မွန်ပြည်သစ်ပါတီ၏ လက်ရှိတပ်ဖွဲ့ဝင် လူအင်အားစာရင်းကို လွန်ခဲ့သည့်ရက်ပိုင်း၌ မော်လမြိုင်မြို့ ဆက်ဆံရေးရုံးမှတဆင့် ရတခသို့ပေးပို့ခဲ့ကြောင်း ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပြောပြချက်အရ သိရှိရသည်။

အဆိုပါစာရင်းတွင် လက်ရှိမွန်ပြည်သစ်တပ်ဖွဲ့ဝင်အင်အား (၃၅၀၀) သုံးထောင်ငါးရာကျော် ဖေါ်ပြပါရှိသည်ဟုလည်း စစ်ဖက်ရေးရာထိပ်ပိုင်းအရာရှိကြီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောပါသည်။

“ဒီလိုစာရင်းတွေပေးရတာက ပုံမှန်လုပ်နေကျပါ၊ တစ်နှစ်တစ်ခါ ရတခကတောင်းလာတိုင်း ပေးနေကြဘဲ၊ အထူး အဆန်းရယ်လို့မဟုတ်ပါဘူး” ဟု ဆိုပါသည်။

ထို့အပြင်အခြားမြို့များရှိ မွန်ပြည်သစ်ပါဆက်ဆံရေးရုံးတို့သည်လည်း သက်ဆိုင်သည့်ဒေသအလိုက် အင်အား စာရင်းများကိုပါ ပေးပို့ခဲ့ရသည်ဟု ပြည်ပရေးရာဌာန စစ်ဖက်ရေးရာအရာရှိက ရှင်းလင်းပြောပြခဲ့သည်။

နှစ်ဖက်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးများကို မော်လမြိုင်မြို့တွင်အပြင် သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူနယ်စပ်မြို့များတွင်လည်း တရားဝင်ထားရှိဆဲဖြစ်သည်။

သက်ဆိုင်ရာဆက်ဆံရေးရုံးများ၏ သက်ဆိုင်ရာအင်အားစာရင်းတွင်လည်း ဒေသဆိုင်ရာအရာရှိများ၏ အမည်နာမ၊ တာဝန်ရာထူးအဆင့်နေရာများကို အတိအလင်း ရေးသာထားသည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် လူအင်အားစာရင်းသက်သက်သာဖြစ်ပြီး လက်နက်အင်အားစာရင်းမပါရှိခဲ့ဟု သိရသည်။ မွန်ပြည်သစ် အပစ်အခတ်ရပ်စဲခဲ့ရာတွင် လူအင်အားစာရင်းအပြင် လက်နက်အမျိုးအစားများကို စာရင်းအရေအတွက်နှင့်တကွ စစ်အစိုးရထံ အသိပေးခဲ့ရသည်ဟု သိရသည်။

၁၉၉၅ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ အပစ်ရပ်သည့်အခမ်းအနားတွင် မွန်ပြည်သစ်ပါတီမှ ထိုစဉ်က အဖွဲ့ဝင်အင်အား ခုနှစ်ထောင်ကျော်ရှိသည်ဟု မိန့်ခွန်းပြောကြားစဉ် အင်အားစာရင်းကို ထည့်သွင်းပြောကြားခဲ့သည်။

 

 

 


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views