အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ
သတင်း

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ဆူးပန်း
ဇန်နဝါရီ ၁၈ ၊၂၀၁၀။

ဆူးပန်း(ဇန်နဝါရီ- ၁၈)။    ။ မြန်မာ့တပ်မတော်အတွင်း၌ သာမန် အောက်ခြေ အကြပ်တပ်သားများနှင့် တပ်မိသားစုဝင်များသည် စားဝတ်နေရေး အခက်အခဲများနှင့်တွေ့ကြုံနေရပြီး တပ်တွင်း အာဏာဖီဆန်မှု အမိန့်မနာခံမှု တပ်တွင်းပုန်ကန်မှုများ ဖြစ်ပွါး နေကြောင်း သတင်းထွက်ပေါ်နေခဲ့ပါသည်။

အဆိုပါဖြစ်ပွါးနေသော အခြေအနေများအပေါ် မဒတ ခေါ် အမျိုး သားဒီမိုကရေစီတပ်ပေါင်းစုမှ  တပ်မတော်၏ မှန်ကန်သည့် အာဏာဖီဆန်မှုလုပ်ရပ်ကို ထောက်ခံသည့်အကြောင်း ဇန်နဝါရီ (၁၆) ရက်နေ့တွင် ပန်ကြားလွှာ ကြေညာချက်တစ်စောင် ထုတ် ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတခုဖြစ်သည့် မဒတခေါ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသည် မြန်မာ ပြည်တွင်ရင်ဆိုင်နေရသည့် ပြဿနာအရပ်ရပ်ကို အတူတကွငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် တပ်မတော်သားတွေ သည် ပြည်သူလူထုဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ရန်နှင့် မိဘပြည်သူတို့၏ ရင်ခွင်တွင် ပြန်လည်ခိုလှုံဝင်ရောက်လာမည့် မှန်ကန်သောလုပ်ရပ်ကို ထောက်ခံသည့်အကြောင်း အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု၏ အထွေထွေအတွင်းရေး မှူး မိုင်းဘုန်းကျော်မှ ယခုလိုပြောပါသည်။

"အဲဒီလိုလုပ်ရပ်က ပြည်သူလူထုတခုလုံးရဲ့ စားဝတ်နေရေးအကြပ်အတည်းကို ကိုယ်စားပြုပြီးတော့ ထုတ်ဖေါ်ပြော ဆိုနေတာဖြစ်တယ်။ အဲတာကို ကျွန်တော်တို့က ထောက်ခံကြိုဆိုတယ်။ တကယ့်တပ်မတော်သား မှန်ကန်မယ်ဆို ယင် တိုင်းချစ် ပြည်ချစ် တပ်မတော်ဖြစ်တယ်ဆိုယင် ကျွန်တော်တို့က ပြည်သူနဲ့အတူ လက်တွဲဖို့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဒီလိုကူညီဖြေရှင်းဖို့ဆိုတာကို ကျွန်တော်တို့က ပန်ကြားရခြင်းဖြစ်ပါတယ်။ "

၂ဝဝ၉ ခုနှစ်နှောင်းပိုင်းနှင့်၂ဝ၁ဝ နှစ်ဦးပိုင်းတွင် နအဖတပ်အတွင်း အာဏာဖီဆန်မှု၊ သဘောထားကွဲလွဲမှု အမိန့် မနာခံမှုများအပေါ် အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်မှ ယခုလိုပြောကြားခဲ့ပါသည်။

" အောက်ခြေတပ်မတော်အတွင်းတွေမှာ စီးပွါးရေးအခက်အခဲအကြပ်အတည်းတွေ အများကြီး ဖြစ်နေတယ်။ အဲဒီ လိုအခက်အခဲအကြပ်အတည်းတွေ ဖြစ်နေတဲ့ဟာက တပ်မ(၆၆)လက်အောက်ခံတပ်တွေ တပ်မ(၇၇)လက်အောက် ခံတပ်တွေ ပြီးတော့ကျွန်တော်တို့ ဒီရှမ်းပြည်ဘက်မှာရှိတဲ့တပ်တွေ အဲဒီလိုအောက်ခြေမှာရှိနေတဲ့တပ်တွေကအခက် အခဲတွေ ကြုံတွေ့နေရတယ်။ အပေါ်ပိုင်းကပေးလာတဲ့အမိန့်တွေကို မဆောင်ရွက်နိုင်ဘူး။ စားဖို့သောက်ဖို့တောင်မှ အဆင်မပြေနိုင်တော့ ရဲဘော်တွေ စစ်တပ်တွေ တပ်မတော်တွေက အထက်က ခိုင်းလာတဲ့တာဝန်တွေကို မထမ်း ဆောင်နိုင်တဲ့အနေအထားမှာ ရှိနေတယ်။ အဲဒီအနေအထားကို အထက်ပိုင်းမှာရှိနေတဲ့ အာဏာပိုင်တွေ စစ်ခေါင်း ဆောင်တွေက မှန်မှန်ကန်ကန်မဖြေရှင်းဘဲနဲ့ အမိန့်အာဏာဖီဆန်တယ် ဆိုပြီးတော့ အရေးယူဆောင်ရွက်နေတယ်။ အခုကျွန်တော်တို့သိထားအရဆိုတော့ လက်နက်ကိုင် ဖြေရှင်းမှုတွေပါ လုပ်နေတဲ့အပိုင်းတွေဖြစ်နေတယ်။"

အာဏာရှင်တပ်မတော်ခေါင်းဆောင်များသည် စစ်အာဏာရှင်စံနစ်နှင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည့်အတွက် မြန်မာ ပြည်ကိုအဆင်းရဲဆုံးတိုင်းပြည်အဖြစ် တွန်းပို့ခဲ့သည့်မှားယွင်းသောလုပ်ရပ်ကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာတွေ များသည် အဆုံးစွန်ထိ ညှိုးနွမ်းခဲ့ပါသည်ဟု ဆိုသည်။ သို့သော်တပ်မတော် အတွင်း၌လည်း ပြည်သူဘက်မှရပ် တည်တဲ့ မျိုးချစ်တပ်မတော်သားတွေလည်း များစွာရှိနေသည်ဟု ကိုမိုင်းဘုန်းကျော်မှ ပြောပါသည်။

ယနေ့လက်ရှိတပ်မတော်အတွင်း၌ အောက်ခြေတပ်များ၏ စားဝတ်နေရေးပြဿနာအခက်အခဲများကို နည်းမှန် လမ်းမှန် ဖြေရှင်းဖို့အတွက် နအဖစစ်အုပ်စုတွင် အစီအမံအတိအကျမရှိဘဲ အမိန့်အာဏာများဖြင့် ထိန်းချုပ်ဖိနှိပ် ထားခဲ့ပါသည်။ စစ်တပ်အတွင်း စားဝတ်နေရေးအကျပ်အတည်း ရိုက်ခတ်မှုကြောင့် ယခုအချိန်တွင် တပ်တွင်း သဘောထားကွဲလွဲမှု အမိန့်အာဏာဖီဆန်မှု ဆက်တိုက်ဆိုသလိုပေါ်ထွက် လာနေသည်ဟု မဒတ တပ်ပေါင်းစု ကနေ ရှုမြင်သုံးသပ်ထားပါသည်။ 



သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views