အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
၂၀၁၀ ရွေးကောက်ပွဲသည် မှန်ကန်သည့်ထွက်ပေါက်မဖြစ်နိုင်
အယ်ဒီတာအာဘော်

၂၀၁၀ ရွေးကောက်ပွဲသည် မှန်ကန်သည့်ထွက်ပေါက်မဖြစ်နိုင်

အယ်ဒီတာအာဘော်
ဇန်နဝါရီ ၁၅ ၊၂၀၁၀။

၂၀၁၀ သို့ရောက်ရှိလာပါပြီ။ စစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးမည်ဟု ပြောသည်။ သို့သော်လည်း ရက်လအတိအကျ မသိကြရသေးပေ။ တစ်ဖက်သတ်ကျင်းပမည့် ဤရွေးကောက်ပွဲကို ဒီမိုကရေစီဘက်တော်သားများနှင့် တိုင်းရင်းသားအင်အားစုများလက်မခံနိုင် ဖြစ်နေသည်။ အဓိကလက်မခံရသည့်အချက်မှာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ လွှတ်တော်နှစ်ရပ်လုံးတွင် စစ်ဗိုလ်တစ်မတ်သားအလိုအလျှောက် ပါဝင်နေသည့်အတွက်ဟု ဆိုကြသည်။ ခြုံငုံကြည့်လျှင် နိုင်ငံရေးတွင် စစ်တပ် ပါဝင်စွက်ဖက် နေသည်။

တဖက်မှာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြသည့်ပါတီများလည်း ရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဟု တချို့ကဗြောင်ဗြောင်တင်းတင်း ထုတ်ပြောနေသလို ရွေးကောက်ပွဲနည်းဥပဒေမထွက်သေး၍ လှို့ဝှက်နေသူများလည်း ရှိနေသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပခြင်းသည် စစ်အစိုးရ၏လမ်းပြမြေပုံ အဆင့် ၅ ကိုတက်လှမ်းခြင်းသာဖြစ်ပြီး နောက်ဆုံးအဆင့် ၇ ရောက်ရှိနိုင်ရန် နှစ်အကန့်အသတ် အတိအကျမသိရှိသေးပေ။ လမ်းပြမြေပုံအဆင် ၇ ရောက်မှသာအာဏာလွှဲအပ်ပေးမည်။

၂၀၀၈ ဖွဲ့စည်းပုံတွင် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်းမည်မျှအတွင်း အာဏာလွှဲပြောင်းရမည့်အချက် မထည့်သွင်းခဲ့ပါ။ ထို့ကြောင့် ပေါ်ထွက်လာမည့် ရွေးကောက်ပွဲနည်းဥပဒေတွင်လည်း ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်းမည်မျှအတွင်း အာဏာလွှဲပြောင်းမည့်အချက်ပါမပါကို သတိထားစောင့်ကြည့်ရန် လိုသည်။

အဘယ့်ကြောင့်ဆိုသော စစ်အစိုးရကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် အာဏာလွှဲပြောင်းမည့်ရက် မသတ်မှတ်ခဲ့သဖြင့် ထိုရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရ NLD ပါတီနှင့် တိုင်းရင်းသားပါတီများထံ ယနေ့အထိ အာဏာလွှဲအပ်ခြင်းမပြုခဲ့ပါ။ ထို့အပြင် ရွေးချယ်ခံအမတ်များသာ ထောင်နန်းစံခဲ့ရသလို ပြည်ပနိုင်ငံသို့လည်းထွက်ပြေးခိုလှုံနေကြရသည်။

တဖက်တွင်အပတ်ရပ်အဖွဲ့နှင့် စစ်အစိုးရကြား နယ်ခြားတပ်ဖွဲ့ကိစ္စ ရှိနေပြန်သည်။ အင်အားကြီးအပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ကို လက်မခံသော်လည်း အင်အားချိနဲ့၍နိုင်ငံရေး၊ အမျိုးသားရေးအမြင်အားနည်းသော အချို့အဖွဲငယ်များ မဖြစ်မနေလက်ခံလိုက်ရသည်။ ပြည်တွင်းစစ်မီး မငြိမ်းသေးသည်ကို သတိချပ်စေလိုသည်။

ထို့အတူ နိုင်ငံရေးအကျဉ်းသား ၂၀၁၀ ဦးထက်မနည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရပြီး ဝေးလံဒေသထောင်များတွင် စိတ်ပိုင်းရော ရုပ်ပိုင်းအရပါ ညှင်းပမ်းခံနေရဆဲဖြစ်နေသည်ကို မမေ့သင့်ကြပေ။

အကယ်စင်စစ် တိုင်းပြည်တစ်ပြည်၏ မှန်ကန်သောရွေးကောက်ပွဲဆိုသည်မှာ အများလက်ခံနိုင်ရမည်။ ယခုလာမည့်ရွေးကောက်ပွဲသည် အများလက်မခံသဖြင့် တိုင်းပြည်၏ အထွေထွေနိုင်ငံရေးပြဿနာအရပ်ရပ် ဖြေရှင်းနိုင်ရေးအတွက် မှန်ကန်သောထွက်ပေါက်မဟုတ်ပါကြောင်း ကောင်းဝါမှရှုမြင်သည်။

အယ်ဒီတာ


သတင်းဇန်နဝါရီ ၂၀၁၀



သတင်း ဇန်နဝါရီ ၂၀၁၀


မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်းတပ်စွဲထား

နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ ကားတိမ်းမှောက်

မွန်ပြည်သစ်အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

ပုဂ္ဂလိက ကုမ္ပဏီကြီးများအား သစ်ထုတ်လုပ်မှုများကို ပိုမို ထုတ်ယူခွင့်ပေးမည်။

မြန်မာ့တပ်မတော်သားများ ပြည်သူလူထုဘက်မှရပ်တည်ရန် အချိန်ရောက်ပြီဟု မဒတမှပန်ကြား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းလုပ်ငန်း သက်တမ်း(၂)နှစ်တိုးမြှင့်

ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူအသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီး

အဖမ်းဆီးခံမွန်ရဟန်းပျို ရန်ကုန်ဘက်သို့ပို့လိုက်ပြီ

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ်ဆေးရုံတင်ထားရ

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို  

အကျဉ်းကျရဲဘက်(၄ဝဝ)ခန့် စစ်တပ်ရိက္ခာသယ်ဆောင်ရန် ပေါ်တာအဖြင့်အသုံးပြု  

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရန်ကမ်းလှမ်း  

ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကိုလွှဲအပ်ပြီး

ရွာအပြင်ရှိလယ်ခြံတောင်ယာမထွက်ရ နအဖတပ်မှအမိန့်ထုတ်ပြန်

မိခင်ပါတီသို့ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views