အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီအတွင်းရေးမှူး(၃)ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် တွေ့ဆုံမေးမြန်းချက်
မေးမြန်းချက်

NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီအတွင်းရေးမှူး(၃)ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် တွေ့ဆုံမေးမြန်းချက်

Kaowao ကောင်းဝါ
မတ် ၊ ၁၈၊ ၂၀၀၉

                 မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်ပြီး  နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေထုတ်ပြန်လိုက်ခြင်းအပေါ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီကနေ ၂ဝ၁ဝခုနှစ် မတ်လ(၁၁)ရက် နေ့တွင်သဘောထားကျေညာချက်တရပ်ကိုထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ကျေညာချက်ထဲတွင် စစ်အစိုးရမှ ကျင်းပပြုလုပ်မည့်၂ဝ၁ဝဆိုင်ရာ ရွေးကောက်ပွဲကို (လုံးဝ) ဆန့်ကျင်သပိတ်မှောက်သွားမှာဖြစ်ပြီး  ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေကို အထူးသတိပြု စောင့်ကြည့်လေ့လာသွားမည်ဟုဖေါ်ပြပါရှိပါသည်။ ထို့အပြင် ဒီမိုကရေစီကျင့်စဉ်နှင့်မကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်း ပြောင်းရန် ကြိုးပမ်းမှုအပေါ်  နည်းမျိုးစုံနှင့်ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်သလို  တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ဒီမိုကရေးဆိုင်ရာ အခြေခံအခွင့်အရေးများ အပြည့်အဝအာမခံချက် ရှိတဲ့သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီးပေါ်ပေါက်လာသည်အထိ  တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟုထုတ်ပြန်ကြေညာထားပါသည်။ ဤကျေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်ကို NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူး(၃)ဗိုလ်မှူးကြီးခွန်ဥက္ကာကို ကောင်းဝါသတင်းဌာနမှယခုလို ဆက်သွယ်မေးမြန်းထား ပါသည်။
 
 မေး။  NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီအနေနဲ့  ဒီလိုထုတ်ပြန် ကြေညာချက် တွေကို ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်တွေကိုသိပါရစေ။
                 
ဖြေ။             နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တစ်ခုထဲကိုကြည့်တာနဲ့ပဲ ရွေးကောက်ပွဲရဲ့သဘော သဘာဝဟာ တစ်ဖက်သတ်ဖြစ်နေတယ်ဆိုတာပေါ်လွင်နေတယ်။  ဒါကြောင့် ကျွန်တော်တို့က ရသလောက်ယူမယ်။ နောက်ပြီးတော့ အခြေအနေပေး သလောက်ကို ဝင်လုပ်မယ်ဆိုတဲ့ အဖွဲ့အနေ လူတွေကို သတိပေးတဲ့အနေနဲ့ ခပ်စောစောကထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့က စောင့်နေသူတချို့ ဟို လက်လွန်သွားမှာကြောက်လို့လေ တချို့အဖွဲ့တွေ။

မေး။  NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီအနေနဲ့ အခုလိုရွေးကောက်ပွဲအပေါ် ဆန့်ကျင်သပိတ်မှောက်တာဟာ မှန်ကန်တဲ့လုပ်ငန်းစဉ်တရပ်လို့ထင်မြင်ပါသလားခင်ဗျာ။

ဖြေ။            ကျွန်တော်တို့ဒီနယ်စပ်မှာနေတဲ့ အတိုက်အခံတွေကတော့ အဲဒီလိုပဲ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ပြောရမှာပါ။ သို့သော် ပြည်တွင်းမှာနေတဲ့ လူကျတော့နီးရာဒါးကိုကြောက် နေရ တယ်ဆိုတော့ သူတို့အနေနဲ့ ဒီကျွန်တော်တို့ ပြောသလောက်တော့ မပြောရဲဘူးလဲဖြစ်မှာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ဆန့်ကျင်တာကတော့ ကျွန်တော်ထင် တာက အမေရိကန်ရဲ့လေသံ၊ အီးယူရဲ့လေသံ၊ တခြားတိုင်းပြည်ရဲ့လေသံ နားထောင်နေတော့ ကျွန်တော်တို့ဆန့်ကျင်တာနဲ့ သွားတူနေတော့ ထိရောက်တယ်လို့တော့ ကျွန်တော်ယူဆတယ်။ အခုဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ပိုဆိုးတယ်ဗျ။ ဒီပြည်တွင်းမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့အဖွဲ့တွေက ကိုယ့်ပါတီရဲ့ မူဝါဒကို လွတ်လွတ်လပ်လပ်ချဖို့ လုံးဝခွင့်မပြုဘဲနဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပါတယ် ဆိုတဲ့ သဘောတူညီချက်ရှိမှ မှတ်ပုံ တင်ခွင့်ရှိမှာကိုး။ ဒါကြောင့်(၂ဝဝ၈)ကို ကျွန်တော်တို့ဦးထိပ်ထား ပါတယ်ဆိုတဲ့ဟာ မရှိပဲနဲ့ ပါတီကမှတ်ပုံတင်ထားမှာ မဟုတ်တဲ့အခါကျတော့ လွတ်လပ်တဲ့နိုင်ငံရေးပါတီ အသင်းအဖွဲ့ဖွဲ့ဖို့ ကိုယ့်မူဝါဒကို လွတ်လွတ်လပ်လပ်ချဖို့ ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူး။

မေး။   အခုထွက်နေတဲ့ရွေးကောက်ပွဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေ အထိမ်းသိမ်းခံနေရတဲ့နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲ ဒါမှမဟုတ် နိုင်ငံရေးပါတီထဲ ပါဝင်ခွင့် မရှိဘူးဆိုတဲ့ အချက်အပေါ် NCUB အနေနဲ့ဘယ်လိုမြင်ပါသလဲခင်ဗျား။

ဖြေ။                 အဲဒီကိစ္စကိုလည်းပဲ ရွေးကောက်ပွဲဝင်ချင်တဲ့ ပါတီတွေကဟုတ်လား၊ ပထမဆုံးစဉ်းစားရမယ့် အချက်ဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပုဂ္ဂိုလ်အရ ဟုတ်လား ကျဉ်မှာဖြစ်တယ်၊ အယူခံဝင်တာတွေ ဘာတွေအားလုံး လုံးဝရွေးကောက်ပွဲဝင်ခွင့်မရှိ ဆိုတဲ့ဟာ ကတော့ပိတ်ထားတယ်တဖက်က ဆိုတော့ NLD ကိုတော့ ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ တဖန်ပြန်ပြီးတော့ မှတ်ပုံပြန်တင်ဖို့ အဲ မှတ်ပုံပြန်တင်တဲ့နေရာမှာလည်း ပုဒ်မ (၆) ဖြစ်တဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလေးစားလိုက်နာပါ့မယ်ဆိုတဲ့ ဝန်ခံချက်လဲလိုတော့ ဒါကြောင့် ကျွန်တော်တို့ NLD က ကျန်တဲ့ခေါင်းဆောင်တွေက (၂ဝဝ၈)ကို လက်ခံတယ်၊ (၂ဝဝ၈)ကိုဦးထိပ်ထားတယ်ဆိုတဲ့ဟာ ကတိပြုနိုင်တယ်မပြုနိုင်ဘူးဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ အထူးသဖြင့် ရွှေဂုံတိုင်ကြေညာချက်မှာတော့ (၂ဝဝ၈)ကို ပြန်ပြီးတော့ပြုပြင်ပေးပါ ပြောထားတဲ့ဟာက အခုအခြေအနေမှာတော့ လုံးဝလုပ်ပေး မယ့်သဘောမရှိတော့ဘူး။ မရှိတဲ့အပြင် ကို နိုင်ငံရေးပါတီအဖြစ် တဖန်ပြန်ပြီးတော့ မှတ်ပုံတင်ချင်ရင်တော့ အဲဒီအချက်ကိုပါ လက်ခံရမယ်ဆိုတော့ NLD က တော်တော်လေးစဉ်းစားစရာ ဖြစ်လာတယ်။ ရက်ပေါင်း(၆ဝ)အတွင်းသူမတင်ဘူးဆိုလဲ သူကမတရား ()ဖြစ်ပြီးတော့ သူကပါတီပျက်ပြယ်သွားပြီလို့သူက အလိုအလျှောက်ပျက်ပြယ်ပြီလို့ ကြေညာထား တဲ့အခါကျတော့ NLD ရဲ့သက်တမ်းက ရက်(၆ဝ) ပဲကျန်တော့တယ်။ အဲဒီလိုဖြစ်နေတယ်။ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေမှာ ဘာအခွင့်အရေးမှမရှိဘူး။
 
မေး။   အခုရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုရှေ့ဆက်သွားနိုင်မလဲဆိုတာ ထင်မြင် ချက်တွေပေးနိုင်မလား။

ဖြေ။                 နအဖပြောတဲ့ဟာကို လက်ညှိုးထောင်ခေါင်းညိတ်ပေါ့။ ဟုတ်ကဲ့ခင်ဗျား။ မှန်ပါ့ဘုရား ပြောရုံက လွဲလို့သူတို့မှာဘာမှလမ်းမဖွင့်ထားတော့ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေဟာ မဝင်ခြင်းအားဖြင့် သူတို့ လွတ်လပ်မှုကပိုရမယ်။ ဝင်လိုက်လို့ရှိရင်နအဖရဲ့ ဇာတ်ထုပ်ထဲကိုပါသွားပြီးတော့ အဲဒီမှာ ထားရာနေ၊ စေရာသွားပေါ့။ အဲဒီလိုဖြစ်သွားမယ်။ အဲဒါကြောင့် အဲဒီအချက်အပေါ်မှာပဲ ကျွန်တော်တို့က ကြိုပြီးတော့ သတိပေးတဲ့သဘောပေါ့ဗျာ။ မဝင်ဘဲနဲ့သပိတ်မှောက်လိုက်ရင် ပိုပြီးတော့ရှင်းတယ်။ နအဖက သူ့ဟာသူရွေး ကောက်ပွဲလုပ်တယ်။ သူ့ဟာသူဝင်တယ်။ သူ့ဟာသူနိုင်တယ်ဗျာ။ နော်၊ ဘယ်သူမှမပါဘူး။ အဲဒါဆိုရင် ရယ်စရာကြီးဖြစ်ပြီးတော့ သူ့ကိုဗြောင်ပေါ့ ပေါ်တင်ကြီးဖြစ်သွားတာပေါ့။ ကျန်တဲ့လူတွေ သွားရောရက်ပြီးတော့ ဝင်လိုက်ပြီးတော့ ဘာအခွင့်အရေးမှလဲ မရဘဲနဲ့သွားဝင်လိုက်ရင် အဲဒါအရုပ်ဆိုး မယ်ဗျ။

မေး။  ပြည်တွင်းကဒီမိုကရက်တစ်ပါတီက ဦးသုဝေကတော့ ဒီရွေးကောက်ပွဲပြုလုပ်တာဟာ စစ်တပ်ဟာ နောက်ကိုခြေတစ်လှမ်းဆုတ်သွားတယ်လို့ဆိုပါတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။                 အဲဒါကြောင့် ကျွန်တော်တို့က သတိပေးတာ။ ဦးသုဝေတို့ အခုဆိုဒုက္ခရောက်ပြီ။ ရွေးကောက်ပွဲဥပဒေပေါ်လာတဲ့အခါကျတော့ ဦးသုဝေတို့မှန်ထားတာက မဟုတ်တော့ဘူးဖြစ်သွားတယ်။ ဦးသုဝေတို့တွက်တာက စစ်တပ်ကို လူတွေက မကြိုက်ဘူး။ စစ်တပ်ကိုဆုံးမဖို့ ပညာပေးဖို့ဆိုတာ ဒီရွေးကောက်ပွဲ တစ်နေရာပဲရှိတယ်။ ဒါဦးသုဝေတို့အမြင်။ သို့သော် အခုဒီရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါကျတော့ ဒီဥပဒေမှာက စစ်တပ်ကိုဆုံးမဖို့နေနေသာသာ စစ်တပ်ရဲ့ဖွဲ့စည်းပုံကို ကျွန်တော်တို့လက်မခံဘူးဆိုရင် နိုင်ငံရေးပါတီတောင်ထောင်လို့မရတော့ဘူး။ ဦးသုဝေတို့အခု ဒုက္ခရောက်နေတယ်လို့ကျွန်တော်ထင်တယ်။ ဦးသုဝေတို့ကိုယ်တိုင် အခုတော်တော်လေးစဉ်းစားရမယ့် အခြေအနေ ရောက်နေတယ်။

မေး။ NCUB အဖွဲ့အနေနဲ့ ဒီရွေးကောက်ပွဲအပေါ်ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ကျွန်တော်တို့ကတော့ ရှင်းရှင်းပဲ။ ရွေးကောက်ပွဲဖြစ်ဖြစ်၊ (၂ဝဝ၈)ဖွဲ့စည်းပုံဖြစ်ဖြစ်ဟာ စစ်တပ် ကစစ်တပ်ပဲ။ ဒါကြောင့် ဘယ်လိုမှ ပူးပေါင်းပါဝင်ဖို့ သို့တည်းမဟုတ် အားပေးဖို့ သို့တည်းမဟုတ် ကျွန်တော်တို့ဟုတ်လား၊ အထဲမှာရှိတဲ့လူဖြစ်ဖြစ်၊ အပြင်မှာရှိတဲ့လူဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ မဲဆန္ဒရှင်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ အားလုံးကပူးပေါင်းဆောင်ရွက်မှုမလုပ်ကြဘူဖို့၊ ကိုယ့်အိမ်မှာကိုယ်နေ၊ ကိုယ့်ဟာကိုယ်ပဲထိန်းထားပြီးတော့ နအဖကိုသပိတ်မှောက်ထားလိုက်လို့ရှိရင် သူဟာသူရပ်သွားလိမ့်မယ်။ သူ့ဟာသူ အရှက်တကွဲ အကျိုးနည်းဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်ယုံကြည်တယ်ဗျား။ 

 

တွေ့ဆုံမေးမြန်းချက်
တွေ့ဆုံမေးမြန်းချက်


လူစိတ်ဝင်စားမှုနည်းပါးတဲ့(၂ဝ၁ဝ)ရွေးကောက်ပွဲ

NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီအတွင်းရေးမှူး(၃) ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် တွေ့ဆုံမေးမြန်းချက်

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်နှင့်မေးမြန်းချက်

မွန်ပြည်သစ်ပါတီဥက္ကဌကြီးနိုင်ထောမွန်နှင့်တွေ့ဆုံမေးမြန်းခြင်း 

မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ နိုင်မတ်ဒိပ်

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး တွေ့ဆုံမေးမြန်းချက်


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views