အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ပြည်နယ်ရွေးကောက်ပွဲရလာဒ်အဖြေ အခြေအနေသိလောက်ပြီလေ

ဆောင်းပါး

Share |

မွန်ပြည်နယ်ရွေးကောက်ပွဲရလာဒ်အဖြေ အခြေအနေသိလောက်ပြီလေ

မင်းစိုင်းနွန်ဒေါ

တော်သလင်းလဆန်း ၅၊ ၁၃၇၂။ စက်တင်ဘာ ၁၃၊ ၂၀၁၀။

မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်း မဲဆန္ဒနယ်မြေတိုင်းမှာ ကြံ့ဖွတ်ပါတီနဲ့ တစညပါတီတို့ နေရာအပြည့် အပြိုင်ကြဲကြပါတယ်။ မွန်တိုင်းရင်းသားကိုယ်စားပြု မွန်ဒေသလုံးဆိုင်ရာပါတီကတော့ ဘီးလင်း၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်အတွင်းကို လူ၊ အချိန်၊ ငွေတွေ လုံးဝမကပ်နိုင်တဲ့အတွက် ဒီမြို့နယ်တွေမှာ တစညပါတီနဲ့ ကြံဖွတ်ပါတီကပဲ အဓိကပြိုင်ဖက်တွေ ဖြစ်နေပါပြီ။ ဒီရွေးကောက်ပွဲမှာ တစညတွေ ဘယ်လိုပဲဝင်ပြိုင်ပါစေ ကြံ့ဖွတ်ပါတီကို လုံးဝမှနိုင်မှာမဟုတ်ဘူးလို့ ဆိုလိုချင်ပါတယ်။

သထုံခရိုင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်မြေမှာ လွှတ်တော်သုံးရပ်စလုံးအတွက် မွန်ဒေသလုံးဆိုင်ရာပါတီက ဝင်ပြိုင်ပါတယ်၊ သို့သော် လက်တွေ့အရ အနိုင်ရဖို့လမ်းမမြင်သေးပါ၊ ၁၉၆၀၊ ၁၉၉၀ ခုနှစ် ဒီမိုကရေစီရွေးကောက်ပွဲတွေမှာလည်း ဒီအပေါင်မြို့နယ်ကနေ မွန်အမတ်တစ်ယောက်တစ်လေမှ မရရှိခဲ့ဖူးပါ၊ ခုချိန်ခါမှာလည်း ကြံ့ဖွတ်မဲအောင်နိုင်ရေး မဟာစီမံကိန်းတွေရှိနေယုံမျှမက ဒီရွေးကောက်ပွဲကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း လက်မခံတာကြောင့် ဒေသခံမွန်တိုင်းရင်းသားတွေ မဲမပေးရေး သပိတ်မှောက်နေတာကလည်း ပြဿနာတရပ်အဖြစ် ကြားသိနေရပါသေးတယ်။ ဒီတော့ သထုံခရိုင်(၄)မြို့နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာပါတီ အနေနဲ့ ကံကောင်းရင် အမတ်တစ်ပါးလောက်မျှ ရမှရနိုင်ပါ့မလားပဲ။

အဲဒါအပြင် လက်ရှိမွန်အမတ်လောင်းတွေမှာလည်း နိုင်ငံရေးလောကနဲ့ ပတ်သက်တဲ့အရည်အချင်း မရှိသူတွေလည်း ပါဝင်နေပါတယ်၊ နိုင်ငံရေးလောကမှာ ကိုယ့်အရည်အချင်း ဘယ်လိုအဆင့်အတန်းမှာ ရှိနေတာကိုနားလည်ပေမယ့်လည်း ဆရာ့ဆရာသြဇာတွေကို မလွန်ဆံဝန့်သူတွေနဲ့ မွန်ဆိုရင်ပြီးရော မိမိအရည်အချင်းအဓိကမဟုတ်ဆိုပြီး ကြက်ကန်းအတွေးဝင် အမတ်လောင်းတွေကိုလည်း တွေ့နေရပါတယ်။ နာမည်တတ်ပြီး မပြောကောင်းပါ။

ကျိုက်မရော၊ မုဒုံနဲ့ ရေးမြို့နယ်တွေမှာဝင်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာပါတီကိုယ်စားလှယ်လောင်းတွေကတော့ သက်ဆိုင်ရာ နေရာဒေသနဲ့လိုက်ဖက်တဲ့ အရည်ချင်းတွေရှိတာတွေ့မိပါတယ်။ သိက္ခာ၊ နိုင်ငံရေးအတွေ့အကြုံ၊ ပညာ၊
သြဇာအရှိအဝါကျော်ကြားမှု ရှိကြပါတယ်၊ ဒါပေမယ့် ကြံ့ဖွတ်ပါတီနဲ့တော့ ကိုယ်ငါးဆယ်သူငါးဆယ်၊ ဒီဒေသကြံ့ဖွတ်ကလည်း ရိုးသားတဲ့ပညာတတ်မွန်တွေကို အမတ်လောင်းရွေးချယ် သတ်မှတ်နိုင်ခဲ့လို့ပါပဲ။

နောက်တစ်ချက်က သံဖြူဇရပ်မြို့နယ် မွန်ဒေသလုံးဆိုင်ရာပါတီ ကိုယ်စားလှယ်အမတ်လောင်းတွေကိုတော့ လူသိနည်းလှပါတယ်၊ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှုနယ်ပယ်က မွန်ပုဂ္ဂိုလ်တွေကလည်း ဒီမွန်ကိုယ်စားလှယ်လောင်းတွေကို ခုထက်တိုင်သဲသဲကွဲကွဲ ရုပ်ဟန်မဖမ်းမိကြသေးပါ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီကအောက်ခြေအမာခံလူငယ်တွေကလည်း ဒီရွေးကောက်ပွဲအပေါ် အားပေးလှုပ်ရှားမှုပြုလုပ်တာမရှိတဲ့အပြင် မဝင်သင့်ဘူးဆိုတဲ့ဝေဖန်သံတွေကလည်း ဒီဒေသမှာ ကျယ်လောင်နေပါတယ်။ နောက်ပြီး ကြံဖွတ်ကလည်း သံဖြူဇရပ်မြို့ပေါ်မက လက်အောက်ခံကျိုက္ခမီမြို့နဲ့ ကရုပ္ပိစံပြကျေးရွာတွေမှာ အဓိကအမာခံနယ်မြေ တည်ဆောက်ထားပြန်တော့ မွန်ဒေသလုံးဆိုင်ရာပါတီအနေနဲ့ စည်းရုံးရေးအရ အလွန်အားနည်းနေတာ တွေ့မိရပါတယ်။

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာတော့ မွန်လူဦးရေအတော်အတန်ရှိတယ်ဆိုပေမယ့်လည်း တရုပ်၊ ကုလား၊ ဗမာနဲ့ အခြားလူမျိုးစုံရေနှောနေကြတဲ့အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ ဝန်ထမ်းအများဆုံးရှိတဲ့မြို့ ဖြစ်တဲ့အတွက် ဆန္ဒမဲပြားတွေဟာ ကြံ့ဖွတ်လက်ထဲ မလွဲရောက်နိုင်ပါတယ်။ ချောင်းဆုံ(ဘီလူးကျွန်း) မြို့နယ်မှာလည်း မွန်ဒေသလုံးဆိုင်ရာပါတီအဖို့ မဲအောင်နိုင်ရေးအတွက် မလွယ်ကူလှပါဘူး။

တချက်ကတော့ ကြံဖွတ်ပါတီဟာ လူထုအော့နှလုံးနာနေတဲ့ပါတီဖြစ်နေတဲ့အတွက်ကြောင့် မဲထည့်ကြမယ့်ပြည်သူတွေဟာ မွန်ဒေသလုံးဆိုင်ရာပါတီကို မဲပေးလိမ့်မယ်လို့ လိုရာဆွဲတွေးနေသူတွေလည်း ရှိတတ်ပါတယ်။ ဥပမာ NLD ကမဲထည့်လေမလားပေါ့၊ ဒါပေမယ့် သိရသလောက် NLD ကလူတွေလည်း ဒီရွေးကောက်ပွဲကို နိုးပဲတဲ့၊ ဘေးကထိုင်ကြည့်နေမယ်။ ဘယ်သူတွေမောသလဲ။

ကြံဖွတ်ပါတီဟာ စစ်တပ်၊ ဝန်ထမ်းနဲ့ မီးသတ်၊ ကြက်ခြေနီ၊ မိခင်ခလေးစောင့်ရှောက်ရေးအသင်းစတဲ့ သူ့ပါတီဝင်တွေ အားလုံးကြိုတင်မဲ စုရုံးထည့်ကြပါလိမ့်မယ်၊ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ(၇) ရက်နေ့မှာတော့ သူ့လူတွေ၊ စွမ်းအားရှင်တွေ မဲရုံလုံခြုံရေး၊ မဲဆွယ်စည်းရေးလုပ်ရမှာဖြစ်လို့ရယ် သူ့လူတွေကို လုံးဝစိတ်မချတာကလည်းတကြောင်း သူတို့မျက်စိရှေ့မှောက်မှာ သီးသန့်ကြိုတင်မဲထည့်ကြပါလိမ့်မယ်။

ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ရှိ” တယ်လို့ စက်တင်ဘာ(၁၁) ရက်နေ့က ထုတ်ဝေတဲ့ စစ်အစိုးရသတင်းစာ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

နောက်တစ်ချက်ကတော့ တရားမဝင်ပြည်ပရောက်နေရှိနေသူတွေကိုလည်း သက်ဆိုင်ရာရယကတွေမှာ စာရင်းပြုစုထားပြီးဖြစ်တဲ့အတွက် အဲဒီလူတွေကိုယ်စား ရယကတွေက ကြံ့ဖွတ်အတွက် ကြိုတင် မဲထည့်ပေးနိုင်ပါသေးတယ်။ လက်ရှိကာလမှာ အသက်အရွယ်ရောက်ပြီး ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ မွန်လူဦးရေ အရည်အတွက်စာရင်းအတိအကျရရှိဖို့ ခက်သေးပေမယ့် သိန်းဂဏန်းချီ ရှိနေပါတယ်။ ဒီမဲပြားတွေကလည်း ကြံ့ဖွတ်မဲအတွက် သေချာနေပါပြီ။

၁၉၉၀ ရွေးကောက်ပွဲကာလမှာ မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ခုမှာမဲဆန္ဒနယ်မြေ(၂)ခုစီ ရှိပါတယ်။ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်စတဲ့ မဲဆန္ဒနယ်မြေတွေမှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က လွှတ်တော်အမတ်တစ်ဦးစီပဲ အနိုင်ရခဲ့တာပါ၊ ကရင်ပြည်နယ် ကော့ကရိတ်မှာလည်း တစ်ဦးထပ်ရတော့ စုစုပေါင်း အမတ်ဦးရေ (၅) ဦးရခဲ့တာပေါ့။ အဲဒီကာလဟာ ၁၉၉၀ ရွေးကောက်ပွဲအပေါ် မွန်တမျိုးသားလုံး တစိတ်တဝမ်းထဲ ထောက်ခံအားပေးခဲ့တဲ့ကာလလည်းဖြစ်နေပြီး မွန်အမတ်လောင်း (၁၉) ဦး ဝင်ပြိုင်ခဲ့ပါတယ်။

ဒီလာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာပါတီအနေနဲ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်အမတ်လောင်း(၂၉) ဦးဝင်ပြိုင်ပါလိမ့်မယ်၊ မွန်အမျိုးသားဒီမိုကရေစီက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့အမတ်ဦးရေ(၄) ဦးထက် ပိုမှာလားလျော့မှာလားကိုတော့ ရင်တမမနဲ့စောင့်ကြည့်နေရမယ့် အခြေအနေတွေပါ။

တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဆိုရင် မွန်အမျိုးသားထုတရပ်လုံးက ပါဝင်ဆင်နွဲမှာဖြစ်လို့ ကိုယ့်အမျိုးသားရေးအတွက် ရှေ့တန်းကပါဝင်ဦးဆောင်သွားမယ့် မွန်နိုင်ငံရေးခေါင်းဆောင်ကောင်းတွေကို တစိတ်ထဲတဝမ်းထဲ ညီညီညွတ်ညွတ်နဲ့ ထောက်ခံသွားကြမှာမလွဲပါ။ သို့သော် တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဟာ လိမ်ပွဲကြီးဖြစ်တာမို့ မကြာမီပေါ်ထွက်လာမယ့် မွန်အမျိုးသားနိုင်ငံရေးခေါင်းဆောင်တွေ ဘယ်သူဖြစ်မလဲဆိုတာကို စာရေးသူအပါအဝင် မွန်တိုင်းရင်းသားအချို့ ဆန္ဒမဲမထည့်ပေးနိုင်တာကို သိနားလည်ခွင့်လွှတ်ပေးစေကြောင်း။

မှတ်ချက်။    ။ စာရေးသူ၏အမြင်သာဖြစ်သည်၊ ကောင်းဝါသတင်းဌာနအာဘော်မဟုတ်ပါ(အယ်ဒီတာ)

မင်းစိုင်းနွန်ဒေါ

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၁၀ ခုနှစ် ဆောင်းပါးများ



၂၀၁၀ ခုနှစ် ဆောင်းပါးများ


မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)

အပစ်ခတ်ရပ်စဲရေးကာလ နိဂုံးချုပ်သွားပြီးလော

တောတွင်းဥပဒေ။ မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ

မွန်ပြည်နယ်ရွေးကောက်ပွဲရလာဒ်အဖြေ အခြေအနေသိလောက်ပြီလေ

မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)

ဖါးစည်

Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာသမိုင်းရေးကြ

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

အစိမ်းရောင်ဝေဒနာ

လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု

အပူရိုက်လို့ ကွမ်းသီးပင်တွေသေ၊ စိုက်ပျိုးသူတွေ ဆုံးရှုံးမှုနဲ့ တွေ့ကြုံနေ

အဟိတ်သံယောဇဉ်

စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက်‏

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

ဘယ်မအေရိုးမှမကောင်းပါဘူး

အစိုးဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်သတ်မှတ်ခြင်း

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

ဥပါယ်

ခေတ်လူငယ်များဧ။် သုံးသပ်ချက်

ပြသနာအရင်းခံက

ဘိုးတော်မောင်မောင်(ခ)သန့်ဇော်ရွှေဟာ

ရိုးရာကွမ်းစားခြင်းဓလေ့

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views