အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု
သူ့အမြင်

လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု

ကိုသိုက် (ကောင်းဝါ)
ဇွန်လ ၈၊၂၀၁၀။

       လေးကြိမ်မြောက်ထားဝယ်အမျိုးသားနေ့အခန်းအနားကို ထိုင်းမြန်မာနယ်စပ် စံခလပူရီမြို့နယ် ဘန်ဒုံယန်း ဒုက္ခသည်စခမ်းမှာ ဇွန်လ(၂)ရက်နေ့နံက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအခန်းအနားမှာ ထားဝယ်လူမျိုး တွေအပြင် မွန် ကရင်လူမျိုးတွေပါတက်ရောက်ခဲ့ကြပါတယ်။ ထားဝယ်လူမျိုးတွေဟာ နှစ်ပေါင်းထောင်ချီရှိခဲ့တဲ့ လူမျိုးဖြစ်ပေမဲ့လဲ အမျိုးသားနေ့ရယ်လို့ သတ်မှတ်ခဲ့တာ (၄)နှစ်လောက်ဘဲရှိပါသေးတယ်။ ဖက်ဆစ်တော်လှန် ရေးတုံးကကျဆုံးသွားတဲ့ ထားဝယ်လူမျိုး ဗိုလ်မှူးကြီးဗထူးရဲ့ မွေးနေ့ဖြစ်တဲ့ဇွန်လ(၂)ရက်နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ခဲ့တယ်လို့ ထားဝယ်လူငယ်အစည်းအရုံးဥက္ကဌ ကိုဗထူးလေးကပြောပါတယ်။

“ဗိုလ်မှူးကြီးဗထူး ကျဆုံးသွားတဲ့နေ့အဲဒီနေ့ကို ငါတို့တို့စလုပ်ကြရအောင်ဆိုပြီး။ (၂ဝဝ၇) မှာစလုပ်လာ ခဲ့တယ်။ ဒီနှစ်မှာ ဆိုရင် (၄ )နှစ်ပြည့်ပြီးပေါ့နော်။( ၄) ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ဖြစ်ပြီးတော့ သတ်မှတ်ပြီး လုပ်လာတာ။” 

      အခုလိုအမျိုးသားရေးသင်္ကေတဖြစ်တဲ့ ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာတာကို ဝမ်းမြောက်တယ်လို့ အခန်းအနားတက်ရောက်သူ ထားဝယ်တိုင်းရင်းသူတစ်ဦးက အခုလိုဆိုပါတယ်။

      “သမီးတို့ကတော့ ပျော်လဲပျော်ရွှင်တယ်။ ကြည်လဲကြည်နူးတယ်။ ဒီလိုမျိုးထားဝယ်အမျိုးသားနေ့ ဆိုတာရှိတယ် သမီးတို့အတွက် ဂုဏ်လဲဂုဏ်ယူပါတယ်။ ဟိုဘာလဲ အားတက်ပြီးတော့ဆိုရင် ဒိထက်အကြီး အကျယ်ဖြစ်အောင် သမီးတို့လုပ်နိုင်မယ်လို့စီစဉ်ပါတယ်။”

ရှေးဟောင်းမြန်မာမျိုးနွယ်စုတခုဖြစ်တဲ့ ထားဝယ်လူမျိုးတွေဟာ တခြားတိုင်းရင်းသားတွေထက် နစ်နာမှု ရှိနေသလို လစ်လျူရှု့ခံနေရတယ်လို့ ကိုဗထူးလေးကဆိုပါတယ်။

      “ အဲဒီဟာကို ပတ်သက်ပြီးပြောမယ်ဆိုရင် ကျနော်တို့မှာာကိုအများကြီးဆုံးရှုံးခဲ့တယ်။ ကျနော်တို့မှာ           ဆိုရင်အစဖော်လို့ကို ရနိုင်တဲ့အနေအထားမရှိဘူး။ ကျန်တဲ့လူမျိုးမှာဆိုရင် သမိုင်းဆိုတာတိတိ ကျကျ လက်ဆုပ်လက်ခိုင် ပြလို့လည်းရတယ။် လုပ်လို့လည်းရတယ်။ စာပေဆိုတာလုပ်လို့လည်းရတယ်။ ပြလို့လည်းရတယ်။ ယဉ်ကျေးမှုဆိုရင်လဲဒီအတိုင်းပဲ။ လက်ရှိအနေအထားမှာ ကျနော်တို့ထားဝယ် ကိုယ့်ကိုယ်ကိုထားဝယ်ပဲပြောတယ်၊ ကျနော်မှာကိုယ်ဘာသာစကားနဲ့ ယဉ်ကျေးမှုသင်ကြားပိုင်ခွင့်မရိုဘူး။ မြန်မာထဲမှာပိုပြီးဆိုးတယ်၊ ပိုပြီးဆိုးတဲ့ ဆိုတာအစိုးရလည်းအခွင့်မပြုဘူး။ အခွင့်မပြုဘူးအနေအထားမှာဆိုတာ ကျနော်တို့ကအကုန်လုံးကိုဆိုးတယ်၊  အခုလက်ရှိအနေအထားမှာ ထားဝယ်မြို့မှာဆိုရင် ထားဝယ် ယဉ်ကျေးမှုပြတိုက်  ဘာရှိလဲ၊ အခွံဘဲရှိတယ်။”

သီးခြားစာပေမရှိတဲ့လူမျိုးတစ်မျိုးဟာ ရေရှည်မှာဆိုရင်လူမျိုးကြီးတွေရဲ့ဝါးမျိုမှုအောက်မှာ ပျောက်ကွယ်သွားနိုင် ပါတယ်။ ဒါကြောင့် ကိုယ့်လူမျိုးမပျောက်ပျက်အောင် ကိုယ့်စာပေယဉ်ကျေးမှုထွန်းကားလာအောင် မိမိလူမျိုး သာ အဓိကကျတယ်လို့ ထားဝယ်လူငယ်အစည်းအရုံးဥက္ကဌ ကိုဗထူးလေးကပြောပါတယ်။

           “ကိုယ့်ကိုယ်ကိုထားဝယ်လို့ခံယူနေသရွေ့ကတော့ ထားဝယ်ဆိုတာမပျောက်ဘူး။ ဒါပေမဲ့လူမျိုးဘဲရှိမယ်။ လူမျိုးတစ်မျိုးရဲ့သင်္ကေတဖြစ်တဲ့ စာပေ ယဉ်ကျေးမှု အနုပညာအဲဒီလို ရှိလာအောင်အတွက် ညီညွတ် သွေးစည်း ပြီးလုပ်လာမယ်ဆိုရင် ထားဝယ်ကံကြမ္မာ ထားဝယ်ဖန်တီးနိုင်ရဲ့ဆိုတဲ့ အဖြေကတော့ထွက်လာ မှာဘဲ။”

      ထားဝယ်လူမျိုးတွေဟာ ရှေးစဉ်အဆက်က ဗမာပြည်အတွက်ဘဲဦးစားပေး လုပ်ဆောင်နေခဲ့လို့ လူမျိုးတစ်ရပ် အနေနဲ့ နိုင်ငံရေးအရ သမိုင်းကြောင်းထင်ဟပ်မှုမရှိပေမဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိခဲ့တဲ့လူမျိုးဖြစ်ကြောင်း ထားဝယ် ညီညွတ်ရေးခေါင်းဆောင်ဟောင်းတစ်ဦးက အခုလိုပြောပါတယ်။

      “ပြောတာတော့ထားဝယ်ဆိုတာ လူမျိုးတစ်မျိုးရယ်လို့လို့မထင်တဲ့ဥစ္စာရှိတယ်။ ဒါပေမဲ့ထားဝယ်မှာ သူတို့ရဲ့ လူမျိုးမှာသမိုင်းရှိတယ်။ ဒါပေမဲ့သူတို့မှာလူမျိုးရှိတဲ့ဆိုတာ ဘယ်သူမှငြင်းလို့မရဘူးလေ။ သူတို့မှာစာပေတွေရှိခဲ့ဖူး တယ်။ သမိုင်းတွေရှိခဲ့ဖူးတယ်။ စကားလဲရှိတယ်။ လူမျိုးလဲရှိတယ်၊ အခုလည်းရှိနေတုန်း ဒါပေမဲ့ တစ်ခါမှသူတို့က ထားဝယ်ဟေ့ဆိုပြီးအခွင့်အရေးမတောင်းဘူး။ မြန်မာပြည်ပြည်ထောင်စုအတွက်ပဲ တစ်စည်းတစ်လုံးပဲသွားတာကိုး။”

လက်ရှိအနေအထားအရ ထားဝယ်လူမျိုးတွေဟာ ဘာသာစကားသာရှိပေမဲ့ သီးခြားစာပေဆိုတာပျောက်ကွယ်နေ တဲ့အခြေအနေကိုရောက်နေတယ်လို့ ကိုဗထူးလေးကဆိုပါတယ်။ တခြားတိုင်းရင်းသားတွေလို ထူးခြားတဲ့ဝိဒေသ မရှိတဲ့အတွက် ရေရှည်မှာထားဝယ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု စာပေစကား ရိုးရာဓလေ့ထုံးစံတွေ ပျောက်ကွယ် သွားမှာစိုးရိမ်တယ်လို့ ထားဝယ်လူငယ်အစည်းအရုံးဥက္ကဌ ကိုဗထူးလေးက ပြောပါတယ်။

ကိုသိုက်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၁၀ ခုနှစ် ဆောင်းပါးများ



၂၀၁၀ ခုနှစ် ဆောင်းပါးများ


မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)

အပစ်ခတ်ရပ်စဲရေးကာလ နိဂုံးချုပ်သွားပြီးလော

တောတွင်းဥပဒေ။ မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ

မွန်ပြည်နယ်ရွေးကောက်ပွဲရလာဒ်အဖြေ အခြေအနေသိလောက်ပြီလေ

မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)

ဖါးစည်

Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာသမိုင်းရေးကြ

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

အစိမ်းရောင်ဝေဒနာ

လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု

အပူရိုက်လို့ ကွမ်းသီးပင်တွေသေ၊ စိုက်ပျိုးသူတွေ ဆုံးရှုံးမှုနဲ့ တွေ့ကြုံနေ

အဟိတ်သံယောဇဉ်

စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက်‏

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

ဘယ်မအေရိုးမှမကောင်းပါဘူး

အစိုးဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်သတ်မှတ်ခြင်း

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

ဥပါယ်

ခေတ်လူငယ်များဧ။် သုံးသပ်ချက်

ပြသနာအရင်းခံက

ဘိုးတော်မောင်မောင်(ခ)သန့်ဇော်ရွှေဟာ

ရိုးရာကွမ်းစားခြင်းဓလေ့

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views